သခင်ကိုယ်တော်မှိုင်း နှစ်ပတ်လည် ကျင်းပ

သခင်ကိုယ်တော်မှိုင်း နှစ်ပတ်လည် ကျင်းပ
by -
သီတာထွန်း
ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ (၁၃၃)နှစ်မြောက်မွေးနေ့ကို ပြည်ပရောက် စာနယ်ဇင်းသမားများ စုပေါင်းကျင်း ပကြသည်။ တချိန်က မျိုးချစ်စာဆိုဆရာကြီး ကြိုးပမ်းချက်များကို လူငယ်များ မသိရှိ တော့ဟု ကဗျာဆရာ မောင်လွမ်းဏီက ပြောသည်။ ...

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ (၁၃၃)နှစ်မြောက်မွေးနေ့ကို ပြည်ပရောက် စာနယ်ဇင်းသမားများ စုပေါင်းကျင်း ပကြသည်။

တချိန်က မျိုးချစ်စာဆိုဆရာကြီး ကြိုးပမ်းချက်များကို လူငယ်များ မသိရှိ တော့ဟု ကဗျာဆရာ မောင်လွမ်းဏီက ပြောသည်။

“အတွင်းက မျိုးဆက်သစ်လူငယ်တွေအဖို့ ဆရာကြီးရဲ့စာပေ၊ နိုင်ငံရေးတွေ အမျိုးသား လွတ်မြောက် ရေးဆောင်ကြဉ်းမှုတွေကို နားလည်ဖို့ဆိုတာ ကျနော်တို့စာသမားတွေ မီဒီယာသမားတွေရဲ့ အပိုင်း ကတော့ အင်မတန်မှအရေးကြီးတဲ့ ကဏ္ဍမှာ တည်ရှိတာပေါ့ဗျာ။”

ဆရာကြီးသခင်ကိုယ်တိုင်မှိုင်း၏ ဂုဏ်ကျေးှဇူးများကို မေ့လျော့ခြင်းမရှိစေရန် ဆရာကြီး၏ လေးချိုးကြီးများရွတ် ဆိုခြင်း၊  ဘဝ၊ စာပေဖြတ်သန်းမှုများ၊ နိုင်ငံရေးဖြတ်သန်းမှု အတ္ထုပတ္တိ အကျဉ်းများကို ဖတ်ကြားခြင်းစသည့် အ ခမ််းအနားတခုကို ယနေ့မှိုင်းရာပြည့်နေ့တွင် ထိုင်း-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေတနေရာတွင် ကျင်းပ ခဲ့ကြသည်။

မောင်လွမ်းဏီက “သူတို့ ဂုဏ်ကျေးဇူးတွေကို ကျနော်တို့က အမြဲတမ်း အောက်မေ့နေပြီးတော့ ဒီစာပေ လှုပ်ရှားမှု တွေကျနော်တို့ဆောင်ရွက်တာ ဖြစ်ပါတယ်။” ဟု ပြောသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် မြန်မာပြည်သားများ မျိုးချစ်စိတ်ထက်သန်ရန် လှု့့ံဆော်ပေးခဲ့ သူ တဦးဖြစ် သည့်အပြင် လေးချိုးကြီးများနှင့် ဋီကာများရေးသားခဲ့သော စာပေပညာရှင် တဦးလည်းဖြစ်သည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း မွေးနေ့ အခမ်းအနားကို ပြည်ပရောက် စာနယ်ဇင်းသမား၊ စာပေလှုပ်ရှားမှုအဖွဲ့ များက နှစ်ကျင်းပလျှက်ရှိသည်။

Most read this week