မြန်မာဘက်မှ အနောက်ဘက် နယ်စပ်တလျောက် တပ်ရင်း ၁၁ ရင်းထိ တိုးချဲ့ချထား

မြန်မာဘက်မှ အနောက်ဘက် နယ်စပ်တလျောက် တပ်ရင်း ၁၁ ရင်းထိ တိုးချဲ့ချထား
မြန်မာ့ စစ်အာဏာပိုင်များက မြန်မာ-ဘင်္ဂလာ နယ်စပ် တလျောက်တွင် တပ်ရင်း ၁၁ ရင်းထိ တိုးချဲ့ချထား လိုက်သည်။ ယခင်က တပ်ရင်း (၇) ရင်းသာ နယ်စပ် တလျောက်တွင် ရှိခဲ့သော်လည်း ယခုအခါ တပ်ရင်း ၁၁ ရင်းထိ တိုးလာသည်ဟု စစ်ဘက်ဆိုင်ရာ သတင်း ရပ်ကွက်အရ သိရ ...

မြန်မာ့ စစ်အာဏာပိုင်များက မြန်မာ-ဘင်္ဂလာ နယ်စပ် တလျောက်တွင် တပ်ရင်း ၁၁ ရင်းထိ တိုးချဲ့ချထား လိုက်သည်။

ယခင်က တပ်ရင်း (၇) ရင်းသာ နယ်စပ် တလျောက်တွင် ရှိခဲ့သော်လည်း ယခုအခါ တပ်ရင်း ၁၁ ရင်းထိ တိုးလာသည်ဟု စစ်ဘက်ဆိုင်ရာ သတင်း ရပ်ကွက်အရ သိရသည်။

အသစ်တိုးလာသော တပ်ရင်းများမှာ ခမရ ၅၃၅၊ ၅၆၄၊ ၃၅၃ နှင့် ၅၃၆ တို့ ဖြစ်သည်။

ယခင်က နယ်စပ် တလျောက်တွင် ရှိနေသော တပ်ရင်းများမှာ ခလရ ၂ဝ၊ ခလရ ၅၅၊ ခမရ ၂၈၉၊ ခမရ ၃၄၄၊ ခမရ ၂၃၄၊ ခမရ ၅၃၈ နှင့် ခမရ ၂၆၃ တို့ ဖြစ်သည်။

ယခုအခါ စစ်သား အများအပြားမှာ မောင်တောမြို့နယ်သို့ ရောက်ရှိနေပြီး သံဆူးကြိုးများ ကာရံနေသည်ဟု သတင်းရရှိသည်။

၄င်းပြင် လုံထိန်းနှင့် ရဲတပ်ဖွဲ့ဝင် အများအပြားအားလည်း နယ်စပ်တလျောက်ရှိ နစက စခန်းများတွင် အားဖြည့်ချထားသည်။

ယခုကဲ့သို့ မြန်မာဘက်မှ တပ်ရင်းအများအပြားကို တိုးချဲ့ချထားသော်လည်း ဘင်္ဂလာဒေချ့် နိင်ငံဘက်မှ အခြေအနေမှာ တည်ငြိမ်နေပြီး နှစ်ဘက် ကုန်သွယ်ရေးမှာလည်း ပုံမှန်အတိုင်း ရှိနေသည်။

ဘင်္ဂလာဒေချ့် နိုင်ငံ စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်အရ မြန်မာ ရေတပ်သင်္ဘောများမှာ အငြင်းပွားရာ ရေပြင်ပိုင်နက် အနီးတွင် ရှိနေပြီး ဘင်္ဂလာဒေချ့်ဘက်မှလည်း ခေတ်မှီ နည်းပညာနှင့် ပစ္စည်း ကရိယာများ ပါရှိသော သင်္ဘောတစီးအား အခြေအနေအား အသေးစိတ် စောင့်ကြည့်ရန် စေလွှတ်ထားသည်ဟု သိရသည်။

Most read this week