အိန္ဒိယ ရေနံကုမ္ပဏီ Essar ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ရေနံတူးဖေါ် စတင်

အိန္ဒိယ ရေနံကုမ္ပဏီ Essar ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ရေနံတူးဖေါ် စတင်
ရခိုင်ပြည်နယ် မြောက်ပိုင်း ကုန်တွင်းပိုင်းတွင် ရေနံရှာဖွေ စမ်းသပ်နေသော Essar သည် ကုန်တွင်းရေနံတူးဖေါ်မူကို များမကြာမှီက စတင်လိုက်သည်။ Essar မှ ရေနံတူးဖေါ်နေသော နေရာမှာ စစ်တွေမြို့နယ် စပါးထားကျေးရွာအနီးရှိ ညိုရောင်ချောင်းကျေးရွာ အနီးတွင် ဖြစ် ...

ရခိုင်ပြည်နယ် မြောက်ပိုင်း ကုန်တွင်းပိုင်းတွင် ရေနံရှာဖွေ စမ်းသပ်နေသော Essar သည် ကုန်တွင်းရေနံတူးဖေါ်မူကို များမကြာမှီက စတင်လိုက်သည်။

Essar မှ ရေနံတူးဖေါ်နေသော နေရာမှာ စစ်တွေမြို့နယ် စပါးထားကျေးရွာအနီးရှိ ညိုရောင်ချောင်းကျေးရွာ အနီးတွင် ဖြစ်သည်။

Essar သည် စစ်အစိုးရထံမှ ကုန်းတွင်းရေနံရှာဖွေခွင့်ကို လွန်ခဲ့သော နှစ်အနည်းငယ် ရရှိပြီးနောက်ပိိုင်း ပထမဆုံး အကြိမ် အဖြစ် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ရေနံတူးဖေါ်ခြင်း ဖြစ်သည်။

မျက်မြင် တဦးက “ ရေနံစတင် တူးနေတာတော့ ရက်အနည်းငယ် ရှိနေပါပြီ။ နေ့ရော ညရော တူးနေတာကို တွေ့ရပါတယ်။ ” ဟု ပြောသည်။

Essar ရေနံတူးဖေါ်နေသော မြေမှာ ညိုချောင်းကျေးရွာသားများ ပိုင်ဆိုင်သော နေရာ ဖြစ်ပြီး ယခုအချိန်ထိ စစ်အစိုးရမှ လျော်ကြေးငွေများကို ကျေးရွာသားများ အနေဖြင့် မရရှိသေးကြောင်း သတင်းတရပ်တွင် ဖေါ်ပြသည်။

Most read this week