ဒေါက်တာတူးဂျာ ဦးဆောင်သော ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) စတင်တည်ထောင်

ဒေါက်တာတူးဂျာ ဦးဆောင်သော ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) စတင်တည်ထောင်
by -
ကချင်သတင်းဌာန

လာမည့်ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်ကိုယ်စားပြုပါတီတခုအဖြစ်ရပ်တည် ပါ၀င်နိုင်ရန် ဒေါက်တာ တူးဂျာဦးဆောင်၍ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ Kachin State Democracy Party (KSDP) ကိုတည်ထောင် လိုက်ပြီး ယခုအပတ်အတွင်း ရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်နိုင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ဒေါက်တာတူးဂျာက ပြောသည်။

dr-tu-ja

“အခုတော့ ပါတီတခုဖြစ်မြောက်ဖို့အတွက် ပြင်ဆင်မှုတွေက အများစုပြီးစီးသွားပါပြီ။ ဆက်သွယ်မှုတွေက လည်း ပုံမှန်ရှိနေတော့ မကြာခင်ဖြစ်လာတော့မှာပါ။ လူ ၁၇ ယောက်လောက် စာရင်းထည့်သွင်းသွားမယ်။ ပါ၀င်မဲ့သူတွေကို ဆုံးဖြတ်ပြီးရင် စာရင်းကိုကောင်းကောင်းချုပ်ပြီးမှပဲ ဖောင်ဖြည့်ပြီး တင်သွားကြမယ်ပေါ့။ ဆိုတော့ မှတ်ပုံတင်ကျတာနဲ့တော့ ရုံးတွေဖွင့်ပြီး လုပ်ငန်းစဖို့ ဆွေးနွေးထားကြပါတယ်။”

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သော ဒေါက်တာတူးဂျာ အပါအဝင် ၆ ဦးတို့သည် အဖွဲ့မှနှုတ်ထွက်ကာ ရွေးကောက်ပွဲဝင်ရန် ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) ကို တည်ထောင်ခဲ့သည်။ ပါတီမဲဆွယ်စည်းရုံးမှုအောင်မြင်ခဲ့သော်လည်း KIO အဖွဲ့မှအသွင်ကူးပြောင်းရေး လက်မခံခြင်းကြောင့်ဟုဆိုကာ ရွေးကောက်ပွဲကော်မရှင်၏ ပယ်ချခြင်း ခံခဲ့ရသည်။

ထို့ကြောင့် ယခုအသစ်တဖန်ပြန်ပြီးတည်ထောင်လိုက်သော ကချင်ပြည်နယ်ဒီမိုကရေစီပါတီကိုမူ မည်သည့်အဖွဲ့ အစည်းများနှင့် ပတ်သက်ဆက်နွယ်ခြင်းမရှိပဲ သီးသန့်လူထုပါ၀င်၍တည်ထောင်ခြင်းဖြစ်သဖြင့် ပါတီမှတ်ပုံ တင်ခွင့် ရနိုင်မည်ဟုယုံကြည်ကြောင်း ပါတီဥက္ကဌဒေါက်တာတူးဂျာက ပြောသည်။

“ကျွန်တော်တို့ထင်တာကတော့ ဒီတကြိမ်ကတော့ လက်ခံမယ်လို့ယုံကြည်ပါတယ်။ ၂၀၁၀ မှာလည်း မပေး အခုလည်းမပေး တော့ မလုပ်လောက်ဘူး။  ကျွန်တော်တို့လည်း အခု  ရှင်းရှင်းလင်းလင်း လုပ်နေတာပါ။ ဟိုဘက်ဒီဖက်ဆက်နွယ်မှုမရှိဘူး။ နောက်ပြီး  တရားဥပဒေကျူးလွန်တာမျိုးမရှိပဲ  လုပ်ဆောင်တာဖြစ်တဲ့အတွက် သူတို့မပေးစရာအကြောင်း မရှိဘူးလို့ထင်တယ်။ တခြားလူမျိုးတွေကိုတောင်မှ ပါတီတည်ထောင်ခွင့်ပေးနေပုံဆိုရင် ကျွန်တော်တို့ကိုလည်းပေးမယ်လို့ုယုံကြည်တယ်။  ”

ယခင်ပယ်ချခံပါတီထဲမှာ အဖွဲ့ဝင်ဟောင်းများလည်း အများစုအပါအဝင် အဖွဲ့ဝင်အသစ်များပါ၀င်မည်ဖြစ်ပြီး အဆိုပါပါတီသည် ကချင်ပြည်နယ်အတွက် ကိုယ်စားပြုနိုင်ငံရေးပါတီအဖြစ်ရပ်တည်ကာ  ဥပဒေဘောင်အတွင်း လှုပ်ရှားသွားမည်ဖြစ်ကြောင်း ပါတီဥက္ကဌဒေါက်တာတူးဂျာ ဆက်ဆိုသည်။

“အားလုံးလည်းနာလည်ကြမယ်လို့ ယုံကြည်တယ်။ အဲဒါက ကျွန်တော်တို့လည်း အကောင်းဆုံး ပြည်သူလူထု တွေ နှစ်သက်တဲ့ ပေါ်လစီနဲ့သွားမှာဖြစ်တဲ့အတွက် ဘယ်သူ့နဲ့မှ ဆန့်ကျင်စရာမရှိဘူး။ ဒါကြောင့် ကျွန်တော် တို့ဖက်ကလည်း တတ်နိုင်သလောက် ကြိုးစားနေတာပဲဖြစ်တယ်။ ဆိုတော့ KIO ပဲဖြစ်ဖြစ် အစိုးရပဲဖြစ်ဖြစ် ကျွန်တော်တို့လုပ်ဆောင်မှုကို မမှန်မကန်ဘူးဆိုပြီးတော့ ယူဆပေးကြမှာ မဟုတ်ဘူးလို့ယုံကြည်တယ်။  ”

ပြီးခဲ့သည့်ဇူလိုင်လမှစ၍ ယင်း ကချင်ပြည်နယ်ဒီမိုကရေစီပါတီတည်ထောင်နိုင်ရန် လူထုနှင့် အကြိမ်ကြိမ်ဆွေး နွေးကာ စတင်အကောင်ထည်ဖော်နိုင်ခြင်းဖြစ်ပြီး၊ ယခုလအတွင်း ပါတီမှတ်ပုံတင်ရရှိရေး ကိစ္စဆောင်ရွက်နိုင် မည်ဖြစ်သည်ဟုဆိုသည်။  

ပါတီတည်ထောင်လိုသူများတွင် ဒေါက်တာတူးဂျာဥက္ကဌဖြစ်ပြီး ဦးခေါဘောမ်က ဒုဥက္ကဌအနေဖြင့် ဦးဆောင် ကာ လူမျိုးဘာသာ မရွေး ပါ၀င်လိုသူများကို ၁၅ ယောက်အနည်းဆုံးသတ်မှတ်ကာ ထည့်သွင်းသွားမည်ဖြစ် ကြောင်းသိရသည်။

ကချင်ပြည်နယ်တွင် လူထုအတွက်နိုင်ငံရေးပါတီတခုအဖြစ် တရားဝင်ရပ်တည်ရန်လိုအပ်နေသောကြောင့် နိုင်ငံရေးလုပ်ဆောင်လိုသော လူကြီး၊ လူငယ်ပိုင်များစည်းရုံးကာ ပါတီဖြစ်မြောက်ရေး စိတ်အားထက်သန်စွာ ဖြင့် အချိန်မှီတည်ထောင်နိုင်အောင် ပါ၀င်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

Most read this week