တာချီလိတ်မြို့နယ်တွင် စိတ်ကြွွဆေးပြား သန်းချီဖမ်းမိ

တာချီလိတ်မြို့နယ်တွင် စိတ်ကြွွဆေးပြား သန်းချီဖမ်းမိ
by -
ဇော်ကြီး
တာချီလိတ်မြို့နယ်၊ မယ်ယန်းကျေးရွာ ဌာနဆိုင်ရာဂိတ်တွင် ယခုလ ဂ ရက်နေ့က ရာဘ ခေါ် စိတ်ကြွဆေးပြား သန်းချီ၍ ဖမ်းမိခဲ့သည်။ ယခုလ ဂ ရက်နေ့က ကျိုင်းတုံမှ တာချီလိတ်သို့ လာသည့် ကုန်တင်ကား တစီးပေါ်တွင် ရာဘခေါ် စိတ်ကြွဆေးပြား နှစ်သန်းကို ...

တာချီလိတ်မြို့နယ်၊ မယ်ယန်းကျေးရွာ ဌာနဆိုင်ရာဂိတ််တွင် ယခုလ ဂ ရက်နေ့က ရာဘ ခေါ် စိတ်ကြွဆေးပြား သန်းချီ၍ဖမ်းမိခဲ့သည်။

ယခုလ ဂ ရက်နေ့က ကျိုင်းတုံမှ တာချီလိတ်သို့လာသည့် ကုန်တင်ကားတစီးပေါ်တွင် ရာဘခေါ်စိတ်ကြွဆေးပြား နှစ်သန်းကိုမယ်ယန်းကျေးရွာ၊ ဌာနဆိုင်ရာဂိတ်မှစစ်ဆေး ဖမ်းဆီးရမိသည်ဟု ရဲစခန်းနှင့်နီးစပ်သူတဦးက ပြောသည်။

“ကားက ကုန်မပါပဲ ခါလီချည်းတက်လာတာဆိုတော့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေက မသင်္ကာလို့ စစ်လိုက်တာပေ့ါနော်၊ စစ်လိုက်တော့ အဲမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲ စေတတ်တဲ့ ရာမ စိတ်ကြွဆေးပြား အလုံးနှစ်သန်းနဲ့ ငွေကျပ်(၁၀) သိန်း မိတယ်။”

ယင်းဆေးပြားများကို ရှမ်းအမျိုးသားနှစ်ဦးမှ သယ်ဆောင်လာခြင်းဖြစ််ပြီး ၄င်းတို့ကို တာချီလိတ်မြို့နယ် ရဲစခန်း တွင် ထိန်းသိမ်းထားကာ ရုံးတင်စစ်ဆေးမည် ဟု၎င်းကဆက် ပြောသည်။

ထိုကိစ္စနှင့်ပါတ်သက်၍ တာချီလိတ် ရဲစခန်းသို့ စုံစမ်းကြည့်ရာ တာဝန်ရှိသူတဦးက “ဟုတ်တယ် ဖမ်းမိတယ် သိပ်မများပါဘူး နည်းနည်းလေးပါသိန်းနှစ်ဆယ်ထဲပါ။” ဟု အတည်ပြု ပြောသည်။

ဖမ်းဆီးရမိသူများက ပစ္စည်းပိုင်ရှင်အမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးသဖြင့် ၄င်းတို့ကို စစ်ဆေးနေဆဲ ဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းကလည်း တာချီလိတ်မြို့နယ်အတွင်းဘိန်းဖြူ ၃၅၀ ကီလိုဂရမ် ဖမ်းဆီး ရမိသည်ဟု သိရသည်။

Most read this week