စု-လွှတ်-တွေ့ လှုပ်ရှားမှု ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်

စု-လွှတ်-တွေ့ လှုပ်ရှားမှု ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ လွှတ်တော်ခေါ်ယူရေးနှင့် တွေ့ဆုံ ဆွေးနွေးရေး တောင်းဆိုချက်ကို ထောက်ခံသည့်  အနေဖြင့် ငွေစက္ကူများပေါ်တွင် စု-လွှတ်-တွေ့ဟု ရေးသားပြီး သုံးစွဲသည့် လှုပ်ရှားမှုတရပ် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စတင်ပြုလုပ်နေ ...

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ လွှတ်တော်ခေါ်ယူရေးနှင့် တွေ့ဆုံ ဆွေးနွေးရေး တောင်းဆိုချက်ကို ထောက်ခံသည့်  အနေဖြင့် ငွေစက္ကူများပေါ်တွင် စု-လွှတ်-တွေ့ဟု ရေးသားပြီး သုံးစွဲသည့် လှုပ်ရှားမှုတရပ် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စတင်ပြုလုပ်နေသည်။

သတင်းစာဆရာကြီး ဦးဝင်းတင် အကျဉ်းထောင်မှ ပြန်လွှတ်လာပြီး ယင်းတောင်းဆိုချက်ကို ပြည်ပမီဒီယာများမှ တဆင့်ပြောဆိုပြီးနောက်တွင် မြန်မာပြည်၏ အချို့ဒေသများ၌ ယင်းလှုပ်ရှားမှု စတင်ခဲ့သည်။

ယခုလ(၈)ရက်နေ့က စတင်ခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္ဒီမြို့ ဘုရားပွဲတွင် ယင်းလှုပ်ရှားမှု စတင်ခဲ့သည် ဟု  အဆိုပါ လှုပ်ရှားမှုကို ပါ၀င်ဆောင်ရွက်နေသူ ဒေသခံတဦးက ပြောသည်။

“ပါတီ၊ အဖွဲ့အစည်းအနေနဲ့ လုပ်တာမဟုတ်ဘူး။ ကျနော်တို့ စိတ်တူကိုယ်တူတွေ စုဖွဲ့ပြီး ကိုယ့်ဘက်ကလည်း အထိအခိုက်တွေ မရှိအောင် လုပ်တာပါ။ စု-လွှတ်-တွေ့ဟာ တကယ့်နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့အတွက် မလွှဲ မသွေ လုပ်ဆောင်သင့်တယ်ဆိုတာကို ယုံကြည်လို့ လုပ်တာပါ။”

စုစုပေါင်း ငွေကျပ် ငါးသောင်းကျော်တန်ဘိုးရှိ တစ်ထောင်တန်၊ ငါးရာကျပ်တန်အပါအဝင် ငွေစက္ကူများ၏ ဘေးစွန်းအနားသပ်ပေါ်တွင်  စု-လွှတ်-တွေ့ ဆိုသည်များကို ဘောပင်နှင့် ရေးပြီး ဘုရားပွဲတော် ပွဲစျေးအတွင်း သုံးစွဲကာ လူထုအတွင်းဖြန့်ခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောသည်။

“ထိရောက်တယ်။ မထိရောက်ဘူးဆိုတာထက် လှုပ်ရှားမှုဖေါ်ထုတ်တာပါ။ ဒီအတိုင်းနေတာထက် ကိုယ်တတ် နိုင်တဲ့ဘက်က လှုပ်ရှားကြတဲ့သဘောပါ။ ဒါက လူတိုင်းလည်း အလွယ်တကူလုပ်လို့ ရတဲ့အခြေအနေပါ။ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာရင် လူထုဆန္ဒတွေ တနိုင်ငံလုံးပြန့်သွားပါလိမ့်မယ်။ ” ဟု ၄င်းက ဆက်လက် ပြော သည်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်နှင့် နမ့်ခမ်းဒေသတွင်  (၂၀၀၈)ခုနှစ်၊ မေလ လူထုဆန္ဒခံယူပွဲ၌ ကန့်ကွက်မဲထည့်ရန် လှုံ့ဆော်သည့်စာများ ဖြန့်ဝေခဲ့ဖူးသည်။
 

Most read this week