ကလေးများကိုယ်စား မိဘဆွေမျိုးများ ပြည်သူ့စစ်တာဝန် ထမ်းဆောင်နေရ

ကလေးများကိုယ်စား မိဘဆွေမျိုးများ ပြည်သူ့စစ်တာဝန် ထမ်းဆောင်နေရ
by -
ဇော်ကြီး
ရှမ်းပြည်တောင်ပိုင်း၊ ထိုင်းမြန်မာနယ်စပ် ဟိုမိန်းနယ်ခြားကာကွယ်ရေးတပ်ဖွဲ့ (SSS) မှ ပြည်သူ့စစ် ကောက်ရာ တွင် အသက်မပြည့်သည့် ကလေးငယ်များ ကိုယ်စား ၎င်းတို့၏ မိဘဆွေမျိုးများကို တာဝန်ထမ်းဆောင် ခိုင်းနေ ...

ရှမ်းပြည်တောင်ပိုင်း၊ ထိုင်းမြန်မာနယ်စပ် ဟိုမိန်းနယ်ခြားကာကွယ်ရေးတပ်ဖွဲ့ (SSS) မှ ပြည်သူ့စစ် ကောက်ရာ တွင် အသက်မပြည့်သည့် ကလေးငယ်များ ကိုယ်စား ၎င်းတို့၏ မိဘဆွေမျိုးများကို တာဝန်ထမ်းဆောင် ခိုင်းနေ သည်။

ဖေဖော်ဝါရီ လကုန်ပိုင်းက ဟိုမိန်းနယ်ခြားစောင့်တပ်ဖွဲ့မှ အစည်းအဝေးခေါ်၍ ပြည်သူ့စစ် ကောက်ယူရာ၌ စာရင်းပါသော အသက်မပြည့်သည့် ကလေးငယ်များကိုယ်စား ထိန်းသိမ်း ခံထားရသည့် မိဘဆွေမျိုးများကို တာဝန်ထမ်းဆောင်ရန် စစ်သင်တန်းသို့ ပို့လိုက်သည် ဟု ဒေသခံတဦး က ယခုလိုပြောသည်။

“ဥပမာ မယ်အောကြီးက ပန်တဆိုတဲ့ တယောက် သူ့ကလေးက အိုက်ထွန်း အသက် ၁၅နှစ် လောက် ပဲ။ ဒါပေမယ့် သူ့ကလေးက မသွားတဲ့အတွက်ကြောင့်သူကိုယ်တိုင် ၀င်လုပ်ရတယ် အဲဒီပုံစံမျိုးတော့ ရှိတယ်။”

ရှမ်းပြည်တောင်ပိုင်း ဟိုမိန်းဒေသသည် အပစ်ရပ်အက်စ်သုံးလုံးတပ်ဖွဲ့အပြင် စစ်အစိုးရကို လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) နှင့် ၀အမျိုးသားတပ် မတော်တို့လည်း လှုပ်ရှားလျက် ရှိသည်။

Most read this week