လိုင်ဇာ ဌာနချုပ်နယ်မြေသို့ အစိုးရတပ်များ စစ်ရေးလှှုပ်ရှားလာစဉ် မြေမြုပ်မိုင်းနင်းမိ

လိုင်ဇာ ဌာနချုပ်နယ်မြေသို့ အစိုးရတပ်များ စစ်ရေးလှှုပ်ရှားလာစဉ် မြေမြုပ်မိုင်းနင်းမိ
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ဗဟိုဌာနချုပ် လိုင်ဇာမြို့ ဂျာအိန်ယန် (Ja Ing Yang) အနီးရှိ KIA တပ်စခန်း တစ်ခုကို သိမ်းပိုက်ရန် ထိုးစစ်ဆင်လာသော အစိုးရတပ်သည် အင်တဲမ်ဘွမ် (Ntap Bum) တောင်ခြေတွင် မြေမြုပ်မိုင်းနင်းမိသဖြင့် ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း သိရသည်။

၎င်းမိုင်းသည် ယခင်စစ်ပွဲဲဖြစ်ပွားခဲ့စဉ် ထောင်ထားခဲ့သော နေရာဟောင်းမှဖြစ်ပြီး ယနေ့မနက် စစ်အင်အား ၅၀ ကျော်ဖြင့် အစိုးရတပ်များ လှုပ်ရှားလာချိန်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းရှေ့တန်းမှ KIA အရာရှိတစ်ဦးပြောသည်။

kachin-army-kia

“အစိုးရတပ်က ဂျာအိန်ယန်အနီးမှာရှိတဲ့ KIA စစ်စခန်း (post) တခုကို ဖယ်ပေးဖို့ ပြောတယ်။ ကျနော်တို့က ‘ခင်ဗျားတို့လည်း ကျနော်တို့နေတဲ့ နေရာကိုမလာနဲ့  ကျနော်တို့လည်း ခင်ဗျားတို့နေတဲ့နေရာကို လာမရှှုပ်ဘူး’ လို့ ပြောလိုက်တယ်။ မလာနဲ့လို့ပြောနေတဲ့ချိန် ဒီမနက် ၁၀ နာရီလောက်မှာေ့ရှ့တိုး လာတော့  ပေါက်ကွဲ တာ” ဟု ရှေ့တန်းမှ အရာရှိတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

 ရှဒန်ပါတွင်ရှိသော ခြေမြန်တပ် ခမရ ၄၂၆ တပ်ဖြစ်ပြီး ပေါက်ကွဲမှုတွင် ၄ ဦး ထက်မနည်း သေဆုံးကြောင်း ရှေ့တန်းသတင်းမှပြောဆိုသော်လည်း နှစ်ဖက်အတည်ပြုချက် မရခဲ့ပါ။

မြန်မာအစိုးရ ကိုယ်စားလှယ်များသည် မြစ်ကြီးနား ဆွေးနွေးမှုအပြီး နှစ်ဖက်ကြား ပစ်ခတ်တိုက်ခိုက်မှုများ လျော့ချရာ တိုက်ပွဲထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းသွားမည်ဟု သဘောတူညီလက်မှတ် ရေးထိုး နိုင်ခဲ့သော်လည်း အစိုးရတပ်ဖက်မှ ဗဟိုဌာနချုပ်အနီးရှိ ၄င်းတို့၏စခန်းများသို့ စစ်အင်အားဖြည့်လှုပ်ရှားမှုများ ပြုလုပ်လာဆဲဖြစ်သည်။

ဇွန်လ ၁၆ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီချိန်ကလည်း ဗန်းမော်ဘက်မှ အစိုးရတပ်  တပ်မ ၉၉ က စစ်ကား ၆ စင်း အင်အား ၁၅၀ ကျော်ဖြင့် ခလရ ၁၄၂ တပ်နှင့်အတူ လဂျားယန် (Laja Yang) သို့ တိုးချဲ့လာကြောင်း မျက်မြင်များပြောသည်။

မြန်မာအစိုးရတပ်သည် ဗဟိုဌာနချုပ် လိုင်ဇာအနီးတဝိုက်သို့ ဇွန်လ ၁ ရက်နေ့မှ စစ်အင်အား ၁၅၀ ကျော် နှင့်လက်နက်အင်အားများ ဖြည့်ထားကြောင်း သိရသည်။

နှစ်ဖက်ကြား ပစ်ခတ်တိုက်ခိုက်မှုများလျော့ချပြီး တိုက်ပွဲထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းသွားရန် သဘောတူညီသော်လည်း KIA တပ်မဟာ ၃ နယ်မြေ၊ တပ်မဟာ ၄ နယ်မြေများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။

Most read this week