နယ်စပ်ဖြတ်ကျော် တောမီးအား တရုတ်မှ လူအင်အား ၂၅၀၀ ကျော်ဖြင့် ငြိမ်းသတ်နေရ

နယ်စပ်ဖြတ်ကျော် တောမီးအား တရုတ်မှ လူအင်အား ၂၅၀၀ ကျော်ဖြင့် ငြိမ်းသတ်နေရ
မြန်မာဖက်ခြမ်းမှ နယ်စပ်ဖြတ်ကျော် လောင်ကျွမ်းလာသည့် တောမီးကို တရုတ်နိုင်ငံက လူအင်အား (၂၅၀၀)ကျော် သုံး ငြိမ်းသတ်နေရကြောင်း တရုတ်အစိုးရ ဗဟို ရုပ်မြင်သံကြား ဌာန (စီစီတီဗီ) မှ ထုတ်လွှင့်သွား ...

မြန်မာဖက်ခြမ်းမှ နယ်စပ်ဖြတ်ကျော် လောင်ကျွမ်းလာသည့် တောမီးကို တရုတ်နိုင်ငံက လူအင်အား (၂၅၀၀)ကျော် သုံး ငြိမ်းသတ်နေရကြောင်း တရုတ်အစိုးရ ဗဟို ရုပ်မြင်သံကြား ဌာန (စီစီတီဗီ) မှ ထုတ်လွှင့်သွားသည်။

နယ်စပ်ဖြတ်ကျော် လောင်ကျွမ်းလာသည့်မီးကို တရုတ်ပြည်၊ ထိန်ချံုးခရိုင်တွင်းရှိ မီးသတ်၊ သစ်တော၊ စစ်တပ်၊ ရွာသားများ စုပေါင်း မီးငြိမ်းသတ်နေသည်ဟု ထိန်ချံုးမြို့ခံ တဦးက ပြောသည်။

“စီစီတီဗီက ပြနေတာကတော့ ထိန်းချံုးခရိုင် ပါတီအထွေထွေအတွင်းရေးမှူး ကိုယ်တိုင် သွားရောက် ကြည့်ရှုတယ်။ မီးသတ်တို့၊ ရဲတို့ အယောက် (၂၅၀၀)ကျော် သွားငြိမ်းနေတာတို့၊ မီးစွဲလောင်နေတဲ့ သစ်ပင်တွေကို ပြတာတို့ သတင်းလွှင့်နေတယ်။ ထိန်ချုံးရဲ့ အနောက်ဘက် လောက်မှာ လောင်တာ။ ဒီကနေ အလှမ်းတော့ ဝေးသေးတယ်။ မီးခိုးတွေဘာတွေ ဒီဘက် ရောက်မလာသေးဘူး။”

ဆင်ဟွာသတင်းဌာန၏ သတင်းထုတ်ပြန်ချက်အရ မြန်မာပြည်ခြမ်းက သစ်တောဧရိယာ ခန့်မှန်း ဟက်တာ(၂၀၀)ကျော် မီးလောင်နေပြီး တရုတ်ပြည်ဘက်တွင် ဟက်တာ(၆၀)ကျော် မီးလောင်နေကြောင်း လေပြင်းများ တိုက် ခတ်နေ၍ မီးကိုငြိမ်းသတ်ဖို့ ခက်ခဲကြောင်း ဖေါ်ပြထားသည်။

မြန်မာနိုင်ငံမြောက်ပိုင်း၊ ကန်ပိုက်တီး၏ အရှေ့မြောက်ထောင့်အရပ် တရုတ်-မြန်မာနယ်စပ် တလျောက် သစ်တောအတွင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က စတင်၍ မီးလောင်ကျွမ်းနေရာ ယမန်နေ့၊ နေ့လည်ပိုင်းမှာတော့ တရုတ်ပြည်ဘက်ခြမ်းရှိ တောများကို ကူးစက် လောင်ကျွမ်းလာနေကြောင်း တရုတ် ရုပ်သံသတင်းများက ဖော်ပြ သည်။

Most read this week