တရုတ်နယ်စပ် ဒွမ်ဘုန်ဂရွန် ဒုက္ခသည် စခန်းတွင် ၀မ်းပျက်ဝမ်းလျှော များနေ

တရုတ်နယ်စပ် ဒွမ်ဘုန်ဂရွန် ဒုက္ခသည် စခန်းတွင် ၀မ်းပျက်ဝမ်းလျှော များနေ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ်ရှိ ဒွမ်ဘုန်ဂရွန် (Dum Bung Krung) မှတ်တိုင်အမှတ် (၃၆) ဒုက္ခသည်စခန်းတွင် မေလမှစပြီး ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားရာ ဆေးဝါးများအရေးတကြီး လိုအပ်နေကြောင်း သိရသည်။

၎င်းဒုက္ခသည်စခန်းတွင် ကလေးငယ်များ အယောက် ၁၀၀ ကျော်ရှိသည့်အနက် ၅ နှစ်အောက် ကလေးငယ်များ အများဆုံး ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေကြောင်း သိရသည်။

ဒွမ်ဘုန်ဂရွန် (Dum Bung Krung) ဒုက္ခသည်စခန်းတွင် ကျန်းမာရေးဆေးပေးခန်းများ ရှိသော်လည်း ဆေးဝါးများမရှိ ခြင်းကြောင့် ယခုချိန်ဆေးဝါများအရေးတကြီး လိုအပ်နေပြီး ခက်ခဲနေကြောင်း ဒုက္ခသည်ကြည့်ရှု့နေသူ ဆရာနော်ဂျာ (Sara Naw Ja) ပြောသည်။

“ဝမ်းလျှောတာ ဘယ်လောက်မှာဖြစ်နေပြီဆိုတာ မပြောနိုင်တော့ဘူး။ တစ်ယောက်ပြီး တစ်ယောက်ဖြစ်နေကြတယ်။ အခုချိန်ထိဘဲ။ ကူးစက်ရောဂါဆိုတော့။ ကျန်းမာရေးဆေးခန်းရှိလဲ ဆေးကမရှိတော့ ဘာမှမလုပ်မတတ်နိုင်ဘူးပေါ့” ဟု ဒုက္ခသည်ကြည့်ရှို့နေသူ ဆရာနော်ဂျာက KNG ကချင်သတင်းဌာန သို့ပြောသည်။

ပြီးခဲ့သည့် မေလကုန်ပိုင်းတွင်လည်း ၎င်းဒုက္ခသည်စခန်းမှ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခြင်းကြောင့် ၆ လ အရွယ်သမိီး ငယ်တဦးသေဆုံးသွားခဲ့ကြောင်း ၎င်းဒုက္ခသည်စခန်းမှပြောသည်။

ဒွမ်ဗုန်ဂရွန် ဒုက္ခသည်စခန်းသည် ဂျိုင့်နေရာဖြစ်ပြီး လေကောင်းလေသန့် မရရှိသောနေရာ ဖြစ်သောကြောင့် ဖြစ်နိုင်သည်ဟု ဒုက္ခသည်စခန်းမှပြောသည်။

ယခင်က ဒွမ်ဗုန်ဂရွန် (Dum Bung Krung) တွင်နေထိုင်ခဲ့သောသူများသည် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့်သေဆုံးမှု များ သော နေရာဖြစ်ကြောင်း ရာဇဝင်ရှိခဲ့သည်။

ဒုက္ခသည်စခန်းမှ ဖျားနာနေသော အချို့ကလေးငယ်များသည် မိမိအစီစဉ်ဖြင့် တရုတ်ပြည်သို့ ကုသမှုခံယူသူများရှိ ပြီး တချို့သည်လိုင်ဇာသို့ သွားရောက်ကုသမှုခံယူနေကြောင်းသိရသည်။

ဒုက္ခသည်စခန်းတွင် ဂရုဏာအဖွဲ့မှ အဓိကအစားအသောက်များကို ကူညီနေသော်လည်း ဆေးဝါးများနှင့် ကလေးများ အားတိုးဆေးများ ကူညီမှုလိုအပ်နေကြောင်းသိရသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေရှိ ဒုက္ခသည်စခန်းတိုင်းတွင် ဝမ်းပျက်ဝမ်း လျှောရောဂါများဖြစ် ပွားနေကြောင်း သိရသည်။

ဒွမ်ဗုန်ဂရွန် (Dum Bung Krung) မှတ်တိုင်အမှတ် (၃၆) ဒုက္ခသည်စခန်းတွင် ဒုက္ခသည်စုစုပေါင်း ၆၂၅ ဦးရှိပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသောနေရာဖြစ်ပြီး ကူညီမှုများလိုအပ်နေကြောင်းသိရသည်။

Most read this week