ယူအန် လူ့အခွင့်အရေး အကြံပေးအရာ ရှိ ရခိုင်ပြည်နယ်သို့ သွားရောက် လည်ပတ်မည်

ယူအန် လူ့အခွင့်အရေး အကြံပေးအရာ ရှိ ရခိုင်ပြည်နယ်သို့ သွားရောက် လည်ပတ်မည်
by -
မောင်အေး
မြန်မာနိုင်ငံကို ခြောက်ရက်ကြာ အလည် အပတ်ရောက်ရှိနေသည့် ကုလ သမဂ္ဂလူ့အခွင့်ရေး ဆိုင်ရာ အရာရှိ Tomas Ojea Quintana ရခိုင်ပြည်နယ််သို့ သွားရောက်လည်ပတ်မည် ဖြစ်သည်ဟု သိရ ...

မြန်မာနိုင်ငံကို ခြောက်ရက်ကြာ အလည် အပတ်ရောက်ရှိနေသည့် ကုလ သမဂ္ဂလူ့အခွင့်ရေး ဆိုင်ရာ အရာရှိ Tomas Ojea Quintana ရခိုင်ပြည်နယ််သို့ သွားရောက်လည်ပတ်မည် ဖြစ်သည်ဟု သိရသည်။

သူသည် ရခိုင်ပြည်နယ် အပါအဝင် ကချင်ပြည်နယ် နယ်စပ်ဒေသများသို့လည်း သွားရောက် လည်ပတ်မည်ဖြစ်သည်။

သူသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကုလသမဂ္ဂသို့ မြန်မာ့ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖေါက်မူများကို အရေးယူပေးရန် တိုက်တွန်းမူ ထွက်ပေါ်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ (၆) ရက်ကြာ ခရီးကို စတင်ခဲ့ခြင်း ဖြစ်သည်။

သူ့ အနေဖြင့် ယခုကဲ့သို့ ရခိုင်ပြည််နယ်သို့ လာရောက်လည်ရန် စီစဉ်နေခြင်းမှာ မြန်မာ စစ်အစိုးရမှ ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် အသိအမှတ်မပြုကြောင်းပြောကြားသည့် နောက်ပိုင်းတွင် ဖြစ်သည်။

အဆိုပါ ရိုဟင်ဂျာများမှာ ဘင်္ဂလာဒေချ့် နိုင်ငံ ဒုက္ခသည်စခန်းများမှ မလေးရှားပြီး အလုပ် လုပ်ရန် လှေစီးပြီး သွားရောက်စဉ် အများအပြား ရေနစ်သေဆုံးရာမှ နိုင်ငံတကာတွင် ပွတ်လောရိုက်လာသည့် နောက်ပိိုင်း မြန်မာ့ စစ်အစိုးရမှ မြန်မာနိုင်ငံရှိ တိုင်းရင်းသား ၁၃၅ မျိုးထဲတွင် ရိုဟင်ဂျာ လူမျိုး မရှိကြောင်း ကျေညာလိုက်သည်။

နအဖ စစ်အစိုးရလက်ထက်တွင် ပြည်သူများမှာ ဆင်းရဲမွဲတည်နေရသည့်အထဲ အကြောင်းအမျိုးမျိုးပြကာ ရံပုံ ငွေကောက်ခံနေသဖြင့် အထူး စိတ်ဒုက္ခ ရောက်ရှိ နေကြသည်ဟု သိရသည်။

အဆိုပါ ကျေညာချက် ထွက်ပေါ်လာပြီး နောက်ပိုင်း နိုင်ငံတကာတွင် သာမက မြန်မာနိုင်ငံရေး လောကတွင်ပါ ရိုဟင်ဂျာ လူမျိုး ရှိ် မရှိ ပြဿနာမှာ ဝေဖန် စောဒက တက်ကာ အငြင်းအခုံ ဖြစ်လာခဲ့သည်။

ရိုဟင်ဂျာကို မြန်မာနိုင်ငံတွင်သာမက ဘင်္ဂလာဒေချ့် နိုင်ငံတွင်လည်း လူမျိုး တမျိုး အဖြစ် အသိအမှတ် ပြုမထားကြောင်း သိရသည်။

ကုလ သမဂ္ဂလူ့အခွင့်ရေး ဆိုင်ရာ အရာရှိ Tomas Ojea Quintana သည် အင်းစိန်ထောင်ရှိ နိုင်ငံရေး အကျဉ်းသားများနှင့် တွေ့ဆုံခွင့်ရရန် နဖအ စစ်အစိုးရထံ တောင်းဆိုထားသည်ဟု သိရသည်။

Most read this week