KIO ၏ လဝကသင်တန်း လိုင်ဇာမြို့တွင် ပြန်ဖွင့်

KIO ၏ လဝကသင်တန်း လိုင်ဇာမြို့တွင် ပြန်ဖွင့်
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏   လုပ်ငန်းဌာနများအတွင်း ခန့်အပ်သွားနိုင်ရန် ရည်ရွယ်ကာ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျာင်း (Masha Pru-Shang Gawn Hkang Jawng) ကို လိုင်ဇာမြို့ အလဲန့်ဘွမ် (Alen Bum) တွင် ဖွင့်လှစ်သင်ကြားနေကြောင်း သိရသည်။

လိုင်ဇာမြို့၊ ကချင်လွတ်မြောက်ရေးအဖွဲ့၊ ကချင်ပြည်နယ်။

“သူတို့ထဲက စာမေးပွဲအောင်တဲ့ ကျောင်းသားတွေကို ဌာနတွေမှာအလုပ်ခန့်သွားမှာဖြစ်တယ်။ အားလုံး အောင်ရင် အားလုံးကိုအလုပ်ခန့်မယ်။ မအောင်တဲ့ ကျောင်းသားတွေအတွက် အခွင့်အရေးပေးထားတယ်။ နောက်ထပ် ကျောင်းပြန်တက်ပြီး စာမေးပွဲကိုတစ်ကျော့ပြန် ဖြေရမယ်” ဟု သင်ကြားပေးနေသော ဆရာ  KIA အရာရှိတစ်ဦးကပြောသည်။

ကျောင်းသားများမှာ မြစ်ကြီးနား (Myitkyina)၊ ဗန်းမော် (Manmaw)၊ မန်ဂျေ (Man Je)နှင့် မိုင်ဂျာယန် (Mai Ja Yang) စသည့်မြို့အသီးသီးတို့မှ စုစုပေါင်း ၄၅ ဦးရှိရာ  ဧပြီလ ၂၂ ရက်နေ့မှ စတင်သင်ကြားနေပြီး ယခု မေလကုန်ထိ ၁ လ ကျော်ကြာ သင်ကြားသွားမည်ဟု ဆိုပါသည်။

 KIO ဗဟို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (Ginjaw Masha Pru-Shang Gawn Hkang Dap) မှ ကြီးမှူးဖွင့် လှစ်သင်ကြားနေခြင်းဖြစ်ပြီး သင်ကြားမည့် ဘာသာရပ်အဖြစ် major နှင့် minor နှစ်ဘာသာ ခွဲထားကာ ဘာသာပေါင်း ၈ ခုပါကြောင်း အထက်ပါ KIA အရာရှိကပြောသည်။

KIO လူဝင်မှုကြီးကြပ်ရေးကျောင်း (Masha Pru-Shang Gawn Hkang Jawng) ကို ၂၀၀၃ ခုနှစ်တွင်စတင်ဖွင့် လှစ်ခဲ့ပြီး ယခု သင်တန်းမှာ ၈ ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

Most read this week