အပြည်ပြည်ဆိုင်ရာ သံဃာ့ ဦးသျှောင်အဖွဲ့ (ဘင်္ဂလာဒေ့ချ်ဌာနခွဲ)ကို အသစ် ပြန်လည်ဖွဲ့စည်း

အပြည်ပြည်ဆိုင်ရာ သံဃာ့ ဦးသျှောင်အဖွဲ့ (ဘင်္ဂလာဒေ့ချ်ဌာနခွဲ)ကို အသစ် ပြန်လည်ဖွဲ့စည်း
မောင်ရမ္မာ (နိရဥ္စရာ) အပြည်ပြည်ဆိုင်ရာ သံဃာ့ဦးသျှောင်အဖွဲ့ (ဘင်္ဂလာဒေ့ချ်ဌာနခွဲ) ကို အသစ် ပြန်လည် ပြင်ဆင် ဖွဲ့စည်း လိုက်သည်ဟု သတင်းရရှိသည်။ အဆိုပါ ပြင်ဆင် ဖွဲ့စည်းမူကို ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က ပြုလုပ်သော နှစ်ပတ်လည် ညီလာခံတွင် အသစ် ပြန်လည်ဖွဲ့စည်း ...

မောင်ရမ္မာ (နိရဥ္စရာ) အပြည်ပြည်ဆိုင်ရာ သံဃာ့ဦးသျှောင်အဖွဲ့ (ဘင်္ဂလာဒေ့ချ်ဌာနခွဲ) ကို အသစ် ပြန်လည် ပြင်ဆင် ဖွဲ့စည်း လိုက်သည်ဟု သတင်းရရှိသည်။

အဆိုပါ ပြင်ဆင် ဖွဲ့စည်းမူကို ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က ပြုလုပ်သော နှစ်ပတ်လည် ညီလာခံတွင် အသစ် ပြန်လည်ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

အဆိုပါ အဖွဲ့၏ နှစ်ပတ်လည် ညီလာခံ အစည်း အဝေးနှင့် အသစ်ပြန်လည်ဖွဲ့စည်းရေး အစည်းအဝေးကို ဘင်္ဂလာ-မြန်မာ နယ်စပ် ဒါးပိုင်ခါလီ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ယခု အသစ်ပြန်လည်ဖွဲ့စည်းလိုက်သော အပြည်ပြည်ဆိုင်ရာ သံဃာ့ဦးသျှောင်အဖွဲ့ (ဘင်္ဂလာဒေ့ချ် ဌာနခွဲ)မှာ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် (၃)ပါး၊ ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင် (၇)ပါး စုစုပေါင်း (၁၀)ပါးဖြင့် ဖွဲ့စည်း လိုက်သည်။

ဒါရိုက်တာ ဘုတ်အဖွဲ့တွင် ယခင် ဥက္ကဌဆရာတော် ဦးမေဃိယ၊ ဦးခမာ၊ ဦးစန္ဒာဝရတို့ပါ၀င်ပြီး ဗဟို အလုပ်အမှုဆောင် အဖွွဲ့တွင် ဥက္ကဌဆရာတော်အဖြစ် ဦးပညာသာရ၊ အထွေထွေအတွင်းရေးမှူး ၁ အဖြစ် ဦးသီလဝံသနှင့် အတွင်းရေးမှူး၂ ဦးရက္ခဝံသတို့ ပါ၀င်သည်။

အပြည်ပြည်ဆိုင်ရာ သံဃာ့ဦးသျှောင်အဖွဲ့ (ဘင်္ဂလာဒေ့ချ်ဌာနခွဲ) အသစ် ပြန်လည်ဖွဲ့စည်းရခြင်းနှင့် ပတ်သက်ပြီး ရည်ရွယ်ချက်ကို အထွေထွေအတွင်းရေးမှူး ၁ အဖြစ် ရွေးချယ် တင်မြှောက်ခံရသူ အရှင် သီလဝံသက ယခုကဲ့သို့ နိရဥ္စရာသို့ မိန့်ကြားသည်။

“ဦးဇင်းတို့ အဓိက ရည်ရွယ်ချက်ကတော့ အပြည်ပြည်ဆိုင်ရာ သံဃာ့ဦးသျှောင်အဖွဲ့ (ဘင်္ဂလာဒေ့ချ် ဌာနခွဲ)ကို ပိုမို ကျစ်လစ် ခိုင်မာလာအောင် ဖွဲ့စည်းပီးတော့ နအဖ စစ်ဖိနပ်အောက်မှာ ပြားပြားဝတ် ခံနေ ကြရတဲ့ ပြည်သူတွေရဲ့ဘဝတွေ ကယ်တင်နိုင်ဖို့၊ လာဖို့ ၂၀၁၀ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက် ပွဲဟာ သူတို့ တဘက်သတ် ရေးဆွဲ ထားတဲ့ ရွေးကောက်ပွဲဖြစ်တဲ့ အတွက် အဲဒီရွေးကောက်ပွဲ အကောင်အထည်ဖေါ် မဆောင်ရွက်နိုင်အောင် ဦးဇင်းတို့ အပြည်ပြည်ဆိုင်ရာ သံဃာ့ဦးသျှောင်အဖွဲ့အနေနဲ့ မေတ္တာတရားရှေ့ထားပြီး ဆက်လက် တိုက်ပွဲဝင်သွားဖို့ ရည်ရွယ်ချက်တွေနဲ့ ပြန်လည်ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်”ဟု မိန့်ကြားသွားသည်။

၎င်းအပြင် နအဖ စစ်အစိုးရ၏ မတရားသဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသော အရှင်ဂန္ဘီရ၊ အရှင်ဣဿရိအပါအဝင် ဖမ်းဆီး ခံထားရသော နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက် ရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုလည်း မိန့်ကြားသွားသည်။

အပြည်ပြည် ဆိုင်ရာ သံဃာ့ ဦးသျှောင်အဖွဲ့ (ဘင်္ဂလာဒျေ့်ဌာနခွဲ)ကို ဘင်္ဂလာဒျေ့်နိုင်ငံတွင် ရွေဝါရောင် တော်လှန်ရေး အပြီး မြန်မာနိုင်ငံမှ ထွက်ပြေး ရောက်ရှိလာသော ရဟန်းတော်များနှင့် စုပေါင်းပြီး ၂၀၀၇ ခုနှစ်က ဖွဲ့စည်းခဲ့သော သံဃာ့အဖွဲ့အစည်းတခု ဖြစ်သည်။

Most read this week