မြန်မာနယ်စပ်အနီးတွင် ဘင်္ဂလာဒေချ့် စစ်တပ်မှ ဘိန်းစစ်ဆင်ရေးလုပ်

မြန်မာနယ်စပ်အနီးတွင် ဘင်္ဂလာဒေချ့် စစ်တပ်မှ ဘိန်းစစ်ဆင်ရေးလုပ်
မြန်မာ နယ်စပ်အနီး ဘင်္ဂလာဒေချ့် နိုင်ငံ စစ်တကောင်း တောင်တန်းနယ် ရီကြိုင်ချောင်းဖျားတွင် ဘင်္ဂလာစစ်တပ်မှ ဘိ်န်းနှိမ်နှင်းရေး စစ်ဆင်ရေး တရပ်ကို ပြုလုပ်နေကြာင်း သတင်းရရှိသည်။ အဆိုပါ စစ်ဆင်ရေးတွင် ဘင်္ဂလာဒေချ့် စစ်သား ၃၀၀ ခန့်ပါ၀င်ပြီး အဆိုပါ ဒေသတွင် စိုက်ပျိုးထားသော ဘိ်န်းခင်းများကို လိုက်လံ ဖျက်ဆီး ...

မြန်မာ နယ်စပ်အနီး ဘင်္ဂလာဒေချ့် နိုင်ငံ စစ်တကောင်း တောင်တန်းနယ် ရီကြိုင်ချောင်းဖျားတွင် ဘင်္ဂလာစစ်တပ်မှ ဘိ်န်းနှိမ်နှင်းရေး စစ်ဆင်ရေး တရပ်ကို ပြုလုပ်နေကြာင်း သတင်းရရှိသည်။

အဆိုပါ စစ်ဆင်ရေးတွင် ဘင်္ဂလာဒေချ့် စစ်သား ၃၀၀ ခန့်ပါ၀င်ပြီး အဆိုပါ ဒေသတွင် စိုက်ပျိုးထားသော ဘိ်န်းခင်းများကို လိုက်လံ ဖျက်ဆီးနေကြောင်း ဒေသအတွင်းက လာသော သတင်းများအရ သိရသည်။

အဆိုပါ ဘိန်းများကို ဒေသခံ တောင်ပေါ်သားများက စိုက်ပျိုးပြီး ဆေးဝါး အဖြစ် အသုံးပြုရန်နှင့် ဒေသ စျေးကွက်တွင် ရောင်းချရန် ဖြစ်သည်။

သို့သော်လည်း အဆိုပါ ဒေသမှ ထွက်သော ဘိန်းများမှာ ဘိန်းဖြူ အဖြစ် ထုတ်လုပ်နိုင်သော အဆင့်သို့ မရောက်ရှိသေးကြောင်း သိရသည်။

အဆိုပါ စစ်တကောင်းတောင်တန်းတွင် ဘိန်းများကို ချောင်းကမ်းနား တလျောက်ရှိ နုံးမြေကောင်းသော နေရာများနှင့် တောင်ကြောများတွင် စိုက်ပျိုးပြီး ဆောင်းရာသီတွင် အစေးခြစ် ထုတ်ယူလေ့ရှိသည်။

ဘင်္ဂလာဒေချ့် စစ်တပ် အနေဖြင့် အစေးထုတ်ချိန်နှင့်ကိုက်ပြီး နှစ်စဉ်နှစ်တိုင်း စစ်ဆင်ရေး ပြုလုပ်ကာ ဘိန်းခင်းများကို ဖျက်ဆီးပစ်လေ့ရှိသည်။

ယခု စစ်ဆင်ရေး လုပ်နေသော နေရာမှာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မြှောက်ပိုင်းနှင့် ကျောက်တော်မြို့နယ်နှင့် ထိစပ်နေသော ဘင်္ဂလာဒေချ့် နိုင်ငံတွင်းမှ ဒေသများတွင် ဖြစ်သည်။

Most read this week