မြန်မာ ၂၆ ယောက် ဘင်္ဂလားမှ နှင်ထုတ်ခံရ

မြန်မာ ၂၆ ယောက် ဘင်္ဂလားမှ နှင်ထုတ်ခံရ
ဘင်္ဂလာဒေ့ချ့် နိုင်ငံသို့ တရားမဝင် ၀င်ရောက်လာသူ မြန်မာနိုင်ငံသား မူဆလင်ဘာသာဝင် ၂၆ ဦးကို ဘင်္ဂလာဒေချ့် နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့က မြန်မာနိုင်ငံသို့ နှင်ထုတ်လိုက်သည်။ အဆိုပါ မြန်မာနိုင်ငံသား ၂၆ ဦးကို ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့ (ဘီဒီအာရ်) မှ ယမန်နေ့ ညနေပိုင်းက မြန်မာနယ်စပ်မှ တဆင့် ဘင်္ဂလာဒေ့ချ်နိုင်ငံသို့ ...

မောင်ရမ္မာ(နိရဥ္စရာ) ဘင်္ဂလာဒေ့ချ့် နိုင်ငံသို့ တရားမဝင် ၀င်ရောက်လာသူ မြန်မာနိုင်ငံသား မူဆလင်ဘာသာဝင် ၂၆ ဦးကို ဘင်္ဂလာဒေချ့် နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့က မြန်မာနိုင်ငံသို့ နှင်ထုတ်လိုက်သည်။

အဆိုပါ မြန်မာနိုင်ငံသား ၂၆ ဦးကို ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့ (ဘီဒီအာရ်) မှ ယမန်နေ့ ညနေပိုင်းက မြန်မာနယ်စပ်မှ တဆင့် ဘင်္ဂလာဒေ့ချ်နိုင်ငံသို့ ဖြတ်ကျော် ၀င်ရောက်လာစဉ် ဖမ်းဆီးခဲ့ပြီး ချက်ချင်း မြန်မာ နိင်ငံသို့ နှင်ထုတ်လိုက်သည်ဟု ဘီဒီအာရ် ပြောခွင့်ရသူက ပြောသည်။

ဘီဒီအာရ် အရာရှိ ဆီရာဂျူလ် အီစလန်က “ ကျနော်တို့ ညဉ့် ၁၁ နာရီ ကင်းလှည်နေတဲ့ အချိန်မှာ နတ်မြစ်ကို ဖြတ်ပြီး သူတို့ ကျွန်တော်တို့ နိုင်ငံထဲကို ၀င်ရောက်လာတယ်။ သူတို့ကို ဖမ်းဆီးပြီး မေးကြည့်တော့ ဘင်္ဂလာကို အလုပ်အကိုင် ရှာဖွေဖို့ လာတယ်လို့ သူတို့က ပြောတယ်။ ချက်ချင်း သူတို့ နိုင်ငံကို ပြန်လည် နှင်ထုတ် လိုက်ပါတယ်” ဟု ပြောသည်။

အဆိုပါ ၀င်ရောက်လာသူများကို နတ်မြစ်ကိုဖြတ်ပြီး ဘင်္ဂလာဒေ့ချ်နိုင်ငံ တက်ကနက် မြို့နယ် အတွင်း ၀င်ရောက် လာစဉ် ချာပီရီယာဒွိ ကင်းစခန်းမှ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် စီးပွား ရေးအဆင်မပြေသဖြင့် အလုပ် အကိုင် ရရှိရေး အတွက် မြန်မာနိုင်ငံ အနောက်ဘက်ဒေသမှ မူဆလင် ဘာသာဝင်များသည် ယခုကဲ့သို့ အုပ်စုလိုက် ဖွဲ့ကာ ဘင်္ဂလာဒေ့ချ်နိုင်ငံ အတွင်းသို့ ၀င်ရောက်နေကြသည်ဟု ဘီဒီအာရ် အရာရှိက ပြောသည်။

Most read this week