မောင်တောတွင် ဗမာလူငယ် ၃ ဦး စစ်ယူနီဖေါင်းနှင့် အတူ ဖမ်းဆီးခံရ

မောင်တောတွင် ဗမာလူငယ် ၃ ဦး စစ်ယူနီဖေါင်းနှင့် အတူ ဖမ်းဆီးခံရ
ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့တွင် ဗမာလူငယ် ၃ ဦးကို နစက တာဝန်ရှိသူများက စစ်ယူနီဖေါင်း တစုံနှင့် အတူ ဖမ်းဆီး လိုက်သည်။ ဖမ်းဆီးခံရသူများမှာ ရန်ကုန်တိုင်း လိူင်သာယာမြို့နယ်မှ ဦးတင်သိန်းသား ကိုမင်းကိုကို( ၂၁ နှစ်)၊ ...

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့တွင် ဗမာလူငယ် ၃ ဦးကို နစက တာဝန်ရှိသူများက စစ်ယူနီဖေါင်း တစုံနှင့် အတူ ဖမ်းဆီး လိုက်သည်။

ဖမ်းဆီးခံရသူများမှာ ရန်ကုန်တိုင်း လိူင်သာယာမြို့နယ်မှ ဦးတင်သိန်းသား ကိုမင်းကိုကို( ၂၁ နှစ်)၊ မကွေးမြို့မှ ဦးသန်းလိူင်သား ကိုနိုင်လင်းဌေး (၂၆ နှစ်)နှင့် ပဲခူးမြို့မှ ဦးသန်းလွှင်သား ကိုရာဇာလွှင် (၂၂ နှစ်) တို့ ဖြစ်သည်။

အမည်မဖေါ်လိုသူ တဦးအပြောအရ ကိုမင်းကိုကိုအား နစက တပ်ဖွဲ့မှ ဗုဒ္ဓ္ဓဟူးနေ့ နေ့လည်က သူတည်းခိုနေထိုင်ရာ မောင်တောမြို့ မောင်နီကျေးရွာမှ ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ကိုနိုင်ဌေးလင်းနှင့် ကိုရာဇာလွှင်တို့ကို အဆိုပါ ညဉ့်တွင် မောင်တောမြို့ရှိ ကျော်တည်းခိုရိပ်သာမှ ဖမ်းဆီးခဲ့သည်။

ကိုနိုင်ဌေးလင်းနှင့် ကိုရာဇာလွှင်တို့အား ဖမ်းဆီးစဉ်သူတို့ထံမှ စစ်ယူနီဖေါင်း တစုံနှင့် စစ်တပ် ဘတ်တံဆိပ်များနှင့် ကြယ်ပွင့်များရရှိသည်ဟု နစကနှင့် နီးစပ်သူ တဦးက ပြောသည်။

အစပိုင်းတွင် ကိုမင်းကိိုကိုအား ယာဘားဆေးပြား ရောင်းဝယ်မူနှင့် မသင်္ကာ၍ ဖမ်းရာမှ သူ၏ သူငယ်ချင်း နှစ်ဦးထံမှ စစ်ယူနီဖေါင်းကို ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ယခုအခါ သူတို့ကို နစက ဌာနချုပ်တွင် ဖမ်းဆီး ထိန်းသိမ်းထားပြီး စစ်ဆေး မေးမြန်းမူများ ပြုလုပ်နေသည်ဟု သိရသည်။

Most read this week