စစ်အစိုးရ တရားရုံးများ တိကျမှန်ကန်သည့် တရားစီရင်ရေးစနစ် ပျောက်ကွယ်နေ

စစ်အစိုးရ တရားရုံးများ တိကျမှန်ကန်သည့် တရားစီရင်ရေးစနစ် ပျောက်ကွယ်နေ
by -
ဇော်ကြီး
မြန်မာနိုင်ငံတွင် တိကျမှန်ကန်သည့် တရားစီရင်ရေးစံနစ်် ပျောက်ကွယ်နေပြီး အဂတိ လိုက်စားမှုများနှင့်သာ ပြည့်နေသည်ဟု မြန်မာနိုင်ငံရှေ့နေများကောင်စီက ယနေ့ ကြေညာချက် ထုတ်ပြန်သည်။ မြန်မာနိုင်ငံ၏ ဥပဒေပြုရေး၊ တရားစီရင်ရေး ကိစ္စရပ်များကို မှန်ကန်သည့်လမ်းကြောင်း ...

မြန်မာနိုင်ငံတွင် တိကျမှန်ကန်သည့် တရားစီရင်ရေးစံနစ်် ပျောက်ကွယ်နေပြီး အဂတိ လိုက်စားမှုများနှင့်သာ ပြည့်နေသည်ဟု မြန်မာနိုင်ငံရှေ့နေများကောင်စီက ယနေ့ ကြေညာချက် ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ ဥပဒေပြုရေး၊ တရားစီရင်ရေး ကိစ္စရပ်များကို မှန်ကန်သည့်လမ်းကြောင်းသို့့ ဦးတည်နိုင်ရန်အတွက် ဖိအားပေးတောင်းဆိုခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံရှေ့နေများကောင်စီ၊ ဥပဒေရေးရာသုံးသပ်ရေးအဖွဲ့ တာဝန်ခံ ဦးမျိုးကပြောသည်။

"ပြည်ထဲရေးဝန်ကြီးရဲ့ အမိန့်တစုံတရာနဲ့တင် မှတ်သားလောက်သည့် ပြစ်ဒဏ်ချမယ် ဆိုတာက ဥပဒေ မဟုတ်ဘူးခင်ဗျ၊ ဥပဒေအတိုင်း လုပ်နေတာမဟုတ်ဘူးခင်ဗျ အဲဒီအတွက် ကျနော်တို့က တရားရုံးတွေ ကို တဖက်က တာဝန်ရှိတဲ့လူတွေကို ကျနော်တို့က မှန်ကန်တဲ့ လမ်းကြောင်း ရောက်အောင် တောင်း ဆိုနေတာဖြစ်ပါတယ်။"

မြန်မာအစိုးရ ၀န်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန်က  ၂၀၀၈ ခုနှစ် ဇန္နဝါရီလမှ စက်တင်ဘာလ ထိ (၉)လအတွင်း အဂတိလိုက်စားမှုပေါင်း ၄၄၈ မှုရှိသည်ဟု ပြောဆိုထားသော်လည်း အပြစ်ပေး အရေးယူမှုများအား တိကျ မှန်ကန်စွာ ထုတ်ဖော်ထားခြင်းမရှိဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်ကြီးခင်ညွန့်၏ အမှုတွဲအပါအဝင် အာဏာပိုင်အဖွဲ့အစည်းများနှင့် ဆက်နွယ်သူများ ကျုးလွန်သည့် အဂတိလိုက်စားမှု၊ အမှုတွဲများကို ဆုံးဖြတ်ရာ၌ တိကျသည့်အပြစ်ပေးမှုများ မရှိပဲ နောက်ဆုံး အမှုတွဲများပါ ပျောက်ဆုံးသွားပြီး လက်ရှိ် ဖြစ်ပေါ်နေသည့် အမှုတွဲများကို ပြစ်ဒဏ်ချမှတ်ရာ၌ တရားဥပဒေနှင့်ကိုက်ညီီ်မှုမရှိပဲ အဂတိလိုက်စားမှုများ ရှိိနေသည်ဟုလည်း ၎င်းကဆက်ပြောသည်။

"လှုပ်ရှားသူတွေ တက်ကြွလှုပ်ရှားသူတွေကို ချနေတာကလည်း ဥပဒေကြောင်းရာနဲ့ တစ်ခုနဲ့မှ မညီညွတ်ဖူးခင်ဗျ။ တဖက်သတ်ဘက်လိုက်မှုနဲ့ တရားစီရင်နေတာကိုတွေ့ရတယ် နောက် လှုပ်ရှားမှု မဟုတ်တဲ့ သာမန်အရပ်သူ အရပ်သားတွေပေါ်မှာလဲ ညဉ်းဆဲနေတာ တွေ့ရတယ်။ ငွေမပေးရင် တရား မနိုင်ဘူး ငွေပေးမှတရားနိုင်မယ် ဘယ်ရုံး၊ ဘယ်ကဏ္ဍမှာ ကြည့်ကြည့်ဗျာ တရားစီရင်ရေးဂွင် တစ်ခု လုံးမှာ လာတ်မစားတဲ့နေရာ တစ်ခုမှမရှိဘူး အဲတာကမ္ဘာက သိတယ်။"

၂၀၀၈ ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့က ဖြစ်ပွားခဲ့သည့် မြင်းခြံဒီဂရီကောလိပ် ကျောင်းသား မန်ဘူခီး သတ်ခံရမှုတွင် ဌာနဆိုင်ရာမှ အဂတိလိုက်စားမှုများရှိနေသည့် အတွက် အမှုမှန် ပေါ်ပေါက်ရေးကို ဖော်ဆောင် ကြရန် တရားရေးဝန်ထမ်းများတွင် တာဝန်ရှိသည်ဟု ဖော်ပြသည်။

အဂတိလိုက်စားမှုများကိုအရေးယူရာ၌ ဘက်လိုက်မှု များဖြစ်ပေါ်နေသည့်အတွက် အမှုမှန် ပေါ်ပေါက်မှုမရှိဘဲဲ လူထုတစ်ရပ်လုံး နစ်နာနေရသည်ဟု မြန်မာနိုင်ငံရှေ့နေများကောင်စီက ဝေဖန်ထောက်ပြထားသည်။

Most read this week