ချင်းမိုင်ရွှေ့ပြောင်းအလုပ်သမား ရင်သွေးငယ်များ ပန်းချီ အနုပညာပြပွဲ ပြုလုပ်

ချင်းမိုင်ရွှေ့ပြောင်းအလုပ်သမား ရင်သွေးငယ်များ ပန်းချီ အနုပညာပြပွဲ ပြုလုပ်
by -
နွယ်လေး
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်အခြေစိုက် ဇင်းအနုပညာစတူတီယို Art for  Migrant  Children Project (AMCP) မှှ ရွှေ့ပြောင်း အလုပ်သမား ရင်သွေးငယ်များ ရေးဆွဲသော ပန်းချီအနုပညာ ပြခန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီတွင် Ratchamangklaphisek  National Library Chiangmai တွင် ပြုလုပ် ...

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်အခြေစိုက် ဇင်းအနုပညာစတူတီယို Art for  Migrant  Children Project (AMCP) မှှ ရွှေ့ပြောင်း အလုပ်သမား ရင်သွေးငယ်များ ရေးဆွဲသော ပန်းချီအနုပညာ ပြခန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီတွင် Ratchamangklaphisek  National Library Chiangmai တွင် ပြုလုပ်သည်။

ပန်းချီပြခန်းပြုလုပ်ခြင်းဖြင့် ရွှေ့ပြောင်းအလုပ်သမား ရင်သွေးငယ်များနှင့် ထိုင်းလူမျိုး ကလေးများကြား ပန်းချီ အနုပညာဖြင့် နားလည်ရင်းနှီးမှု ရရှိ်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဇင်းအနုပညာစတူတီယို ဒါရိုက်တာ Padungsak Kochsomrong က  ယခုလိုပြောသည်။

“ရွှေ့ပြောင်း အလုပ်သမား ကလေးတွေရေးဆွဲတဲ့ ပန်းချီအနုပညာ ပြခန်းကို လာရောက်ကြည့်ရှုတဲ့ မိဘ ၊ဆရာ နဲ့ ကျောင်းသား ကလေး လူငယ်တိုင်းကို ကလေးတိိုုင်း တန်းတူအခွင့်အရေး ရှိကြတယ် ဆိုတာကို် နားလည််ပေး သဘောပေါက်ပေးစေချင်တယ်။ ကလေးတွေကြား ခင်မင်ရင်းနီးမှု ၊အသိ အမှတ်ပြုမှုလေး တိုးပွားစေချင်တယ် ။ကိုယ်ဆွဲထားတဲ့ ပန်းချီကားတွေကို လူအများကို ပြသခွင့် ရတယ်ဆိုတဲ့ ပီတိမျိုးလဲ ကလေးတွေ ရစေချင်တယ်”

ပန်းချီပြခန်းတွင်် ဇင်းအနုပညာစတူတီယိုှ ချင်းမိုင်နှင့် မယ်လဦး ဒုက္ခသည်စခန်းမှ ရွှေ့ပြောင်းအလုပ်သမား ရင်သွေးငယ်များ ရေးဆွဲပြုလုပ်ထားသည့် ပန်းချီ ၊ပန်းပု လက်မှု အနုပညာများကို ခင်းကျင်း ပြသသည်။

ပြခန်းသို့ လာရောက်ကြည့်ရှုသည့် ရွှေ့ပြောင်းအလုပ်သမားကလေး မိခင်တစ်ဦးက “အခြားကလေးနည်းတူ ကျမတို့ကလေး ဒီပန်းချီပညာကို လေ့လာဆည်းပူးခွင့်ရတာ ၀မ်းသာတယ်။ သူတို့လက်ရာလေးတွေ ကို လူတကာ လာရောက်ပြီး ခုလို ကြည့်ရှုတာ မြင်တော့ ပီတီဖြစ်မိတယ်။ကလေးတွေကို ပန်းချီ အနုပညာနဲ့ ပတ်သက်ပြီး ဒီထက်ပိုပြီး လေ့လာခွင့်ရစေချင်ပါတယ်”ဟုပြောသည်။

ပန်းချီပြခန်းသို့ဆုန်တော့ဂ်နှင့် မေတ္တာ ထိုင်းစာသင်ကျောင်းမှ အလယ်တန်းနှင့် အထက်တန်း ကျောင်းသူကျောင်းသား ပေါင်း(၈၀) ကျော်  လာရောက််ကြည့်ရှုလေ့လာပြီး “Dream House-Our Community” ခေါင်းစဉ်ဖြင့် စုပေါင်းအိမ်ရာ တည်ဆောက်ခြင်း ပန်းချီကားချပ်ကို အုပ်စုခွဲရေးဆွဲစေခဲ့သဖြင့် ကလေးများကြား ရင်းနှီးမှု ၊ညီညွတ်မှု ရရှိစေသည်ဟုလည်း ဒါရိုက်တာ Padungsak Kochsomrong က  ဆက်ပြောသည်။

မေတ္တာ စာသင်ကျောင်းမှ ဆရာမက “ပန်းချီပညာကို ဆည်းပူးလေ့လာခွင့်ရတဲ့ ရွှေ့ပြောင်းအလုပ်သမား ကလေးရဲ့ ပန်းချီပညာကို မြင်ရတော့ ပီတိဖြစ်မိတယ်။ ရွှေ့ပြောင်းအလုပ်သမားကလေးတွေအပြင် ကလေးတိုင်းကို ဒီပန်းချီအနုပညာ ကိုဆည်းပူးလေ့လာခွင့် ရစေချင်တယ်။” ဟု ပြောသည်။

ပန်းချီပြခန်းကို  ယခု ဇန်နဝါရီလ (၂၃) ရက်နေ့မှ ဖေဖေါ်ဝါရီလ( ၂၂ )ရက်နေ့ထိ မည်သူမဆို ၀င်ရောက် ကြည့်ရှု့နို်င်ရန် ခင်းကျင်းပြသသွားမည်။ ဇင်းအနုပညာစတူတီယို ရွှေ့ပြောင်းအလုပ်သမား ရင်သွေးငယ်များ အနုပညာပြပွဲကို ချင်းမိုင်မြို့တွင် ပဥ္စမအကြိမ် မြောက်ကျင်းပခြင်းဖြစ်သည်။

မဲဆောက်မြို့ ဇင်းအနုပညာ စတူတီယိုမှ လာမည့် ဖေဖေါ်ဝါရီလ (၇)ရက်နေ့တွင် တတိယအကြိမ်မြောက် ရွှေ့ပြောင်း အလုပ်သမား ရင်သွေးငယ်များ ရေးဆွဲသည့် ပန်းချီအနုပညာပြပွဲ ပြုလုပ်မည်။

ချင်းမိုင်အခြေစိုက် ဇင်းအနုပညာစတူတီယိုသည် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား ကလေးများ ပန်းချီ အနုပညာလေ့လာ သင်ကြားခြင်းဖြင့် တွေးတောသိမြင် ဖန်တီးမှုပိုင်းနှင့် လူမှုဆက်ဆံရေးတွင် ဖွံဖြိုးတိုးတက် စေရန် ရည်ရွယ်ချက်ဖြင့် ၂၀၀၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။

Most read this week