မဲဆောက်တွင် မြန်မာနိုင်ငံသားများ ရာချီအဖမ်းခံရ

မဲဆောက်တွင် မြန်မာနိုင်ငံသားများ ရာချီအဖမ်းခံရ
by -
ဇော်ကြီး
ထိိုင်း၊ မြန်မာနယ်စပ် မဲဆောက်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ရာနှင့်ချီသော တရားမဝင် ရွှေ့ပြောင်းမြန်မာအလုပ် သမား များကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သည်။ မဲဆောက် ရဲ၊ လူဝင်မှုကြီးကြပ်ရေး၊ နယ်မြေခံတပ်နှင့် ပြည်သူ့စစ် အဖွဲ့တို့ ပူးပေါင်း၍ လမ်းမပေါ်နှင့် ရပ်ကွက် အတွင်းတွင် တရားမဝင် အလုပ်သမားများ ...

ထိိုင်း၊ မြန်မာနယ်စပ် မဲဆောက်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ရာနှင့်ချီသော တရားမဝင် ရွှေ့ပြောင်းမြန်မာအလုပ် သမား များကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

မဲဆောက် ရဲ၊ လူဝင်မှုကြီးကြပ်ရေး၊ နယ်မြေခံတပ်နှင့် ပြည်သူ့စစ် အဖွဲ့တို့ ပူးပေါင်း၍ လမ်းမပေါ်နှင့် ရပ်ကွက် အတွင်းတွင် တရားမဝင် အလုပ်သမားများကို စစ်ဆေးကာ ဖမ်းဆီး ခြင်းဖြစ်သည်။

မဲဆောက်မြို့  မြန််မာအလုပ်သမားများနေထိုင်သည့် ဘန့်ထုံထောင်း၊ မိုဟာဂျီရင်နှင့် ၀ပ်အလန်း ရပ်ကွက်များ တွင် ယနေ့နံနက် ၅ နာရီခွဲအချိန်တွင် တရားမဝင်အလုပ်သမား ၁၅၀ ကျော်အား ဖမ်းဆီးခဲ့သည်။

မဲဆောက်စျေး အတွင်းရှိစျေးသည်များ အပါအဝင် စျေးဝယ်လာသူ ၁၀၀ ကျော်နှင့် ဘန့်ဆောင်ခွဲရပ်ကွက်ကြီးရှိ အမိုက်ပုံတွင် ရှာဖွေကောက်ယူကြသည့် ကလေးငယ်များ အပါအဝင် မြန်မာနိုင်ငံသား ရ၀ ကျော်တို့အား ယနေ့ နံနက် ၉ နာရီကျော်တွင် ဖမ်းဆီး ခဲ့သည်ဟု မြန်မာအလုပ်သမားများကို ကူညီပေးနေသူ ကိုမိုးကြိုးက ပြောသည်။

"နေထိုင်ခွင့်လက်မှတ် မရှိတဲ့သူတွေကို ဖမ်းတယ်ပေါ့၊ အလုပ်သမားလက်မှတ်ရှိရင်ရှိ၊ မရှိရင် မဲဆောက် မြို့မှာနေထိုင်ခွင့် ထောရောဆမ်ပျက် ပေါ့ဗျာ။ ထောရော ၃၈/၁ ရှိ၊ မရှိ စစ်ဆေးတယ်။ စစ်ဆေးလို့ ဘာမှမရှိဘူးဆိုရင် ဖမ်းသွားတယ်။"

ယမန်နေ့ ညကလည်း မဲဆောက်မြို့နယ်အတွင်းရှိ ဖုတ်ဖရနွဲ့နှင့် ဘန့်မိုင် အုပ်စုတွင် စိုက််ပျိုးရေးလုပ်ငန်းမှ မြန်မာ အလုပ်သမား ရ၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့့ပိုင်ဆိုင်သည့် ပစ္စည်းအချို့ကို ထိုင်းအာဏာပိုင်များက သိမ်းဆည်း သွားသည်ဟု ၎င်းကဆက်ပြောသည်။

"လက်မှတ်မရှိလို့ဖမ်းတာကို ဘာမှမပြောလိုပါဘူး။ ဒါပေမဲ့ သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ သိမ်းသွားတာ ကြတော့ အရုပ်ဆိုးအကျည်းတန်တာပေါ့။ တယ်လီဖုန်းတွေ့ရင်၊ တယ်လီဖုန်း သိမ်းတယ်။ ကြက်တွေ ၀က်တွေ မွေးထားတာတွေလည်း သိမ်းတယ်။ အိမ်ထဲအထိ ၀င်ဖမ်း တာကိုး။ တချို့ဆိုရင် ဒီပစ္စည်း ပစ္စယတွေ၊ အိမ်တွင်းမှုပစ္စည်း တချို့လေးတွေ ပါသွားတယ်။"

လွန်ခဲ့သည့် ဇန္နဝါရီလကုန်ပိုင်းကလည်း မဲဆောက်မြို့၏ တောင်ဘက်၃၁ ကီလိုမီတာ အကွာရှိ ဖုတ်ဖရမြို့နယ်၊ ဝှေ့နုကလီကျေးရွာမှ မြန်မာအလုပ်သမား ရ၀ ဖမ်းဆီးခံခဲ့ရသည်။

ယခုကဲ့သို့ နယ်စပ်ဒေသရှိ ကျေးရွာများမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီး နေမှုများသည် အထူး စီမံချက်တစ်ရပ်အနေနှင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း သိရသည်။

ဇန္နဝါရီလ ၂၂ ရက်နေ့ ထိုင်းဝန်ကြီးချုပ်၏ တရားမဝင်နိုင်ငံခြားသားများအား နိမ်နှင်းရမည် ဟူသော ပြောကြား ချက်အရ ယခုကဲ့သို့ မြန်မာနိုင်ငံသားများနှင့် မြန်မာရွှေ့ပြောင်းအလုပ် သမားများအား ဖမ်းဆီးနေခြင်းဖြစ်သည်ဟု မဲဆောက်ရှိ အလုပ်သမားအရေးကို ကူညီ ဆောင်ရွက်သူများက သုံးသပ်ကြသည်။

ယခုနှစ်ဦးပိုင်းမှစ၍ ထိုင်းနိုင်ငံအတွင်း တရားမဝင်မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ဖမ်းဆီးမှုများ ပိုမို များပြားလာသည်။

Most read this week