ထောင်ဒဏ်နှစ်ရှည် ချခံရသူများအကြောင်း အာရှလူ့အခွင့်အရေး အဖွဲ့များအား တိုင်ကြား

ထောင်ဒဏ်နှစ်ရှည် ချခံရသူများအကြောင်း အာရှလူ့အခွင့်အရေး အဖွဲ့များအား တိုင်ကြား
by -
နွယ်လေး
မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် နိုင်ငံရေး လှုပ်ရှားသူများအား နှစ်ရှည် ထောင်ဒဏ်များပေးကာ ဝေးလံခေါင်ဖျားသော အကျဉ်းထောင်များသို့ ပို့ခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေများ ယခင်ကထက် ပိုမိုဆိုးဝါးလာ ...

မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် နိုင်ငံရေး လှုပ်ရှားသူများအား နှစ်ရှည် ထောင်ဒဏ်များပေးကာ ဝေးလံခေါင်ဖျားသော အကျဉ်းထောင်များသို့ ပို့ခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေများ ယခင်ကထက်ပိုမိုဆိုးဝါးလာကြောင်း အာရှဒေသဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့များအား မြန်မာလူ့အခွင့်အရေး အဖွဲ့က တင်ပြခဲ့သည်၊

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် အာရှဒေသဆိုင်ရာ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများ  ညီလာခံတွင်် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ခြင်းကြောင့် အကျဉ်းကျခံရသူများ နင့် ပတ်သက်ပြီး တိကျစွာ ပြင်ဆင်ထားသည့် အစီရင်ခံစာကို လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ များဆိုင်ရာ အထူးစုံစမ်း စစ်ဆေးရေးအရာရှိကို တိုက်ရိုက်ပေး အပ်နိုင်ခဲ့သည်ဟု လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) ဒါရိုက်တာ ဦးအောင်မျိုးမင်း ကပြောသည်။

“မတရား ကျင့်ကြံခံရတဲ့ ဦးဂမ္ဘီရ ၊ဦးမြင့်အေး၊ ကိုမင်းကိုနိုင်နဲ့၈၈မျိုးဆက်တွေ၊ အမျိုးသမီး အကျဉ်း သားတွေကို ကျနော်တို့ တင်ပြတယ်။ကျနော်တို့ အဓိကထားတာတော့ လူ့အခွင့်အရေး ကာကွယ်် စောင့်ရှောက်သူတွေက ရိုးရိုးသာမန်ထောင်ဒဏ်သာမကပဲနဲ့ မိသားစုနဲ့ ဝေးကွာတဲ့ ဒေသမှာပို့ပြီး စိတ်ဓါတ်ပိုင်းဆိုင်ရာ နှိပ်စက် ညှဉ်းပန်းမှု ဖြစ်တယ်ဆိုတာ  ထောက်ပြတယ်။ မကြာသေးခင်က ထောင် ထဲမှာ သေဆုံးခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေရှိတယ်။ သူတို့ရဲ့အကြောင်းအရာတွေ ၊ပြီီး လုံးဝမဖြစ် သင့်တဲ့ ထောင်ဒဏ် နှစ်ရှည်လများ ကျခံရတာတွေ၊ သူတို့ကို ကာကွယ်စောင့်ရှောက်တဲ့ ရှေ့နေတွေ၊ တရားသူကြီးတွေ ကိုယ်တိုင် ဖမ်းဆီးထောင်ချ ခံရတာတွေ ကျနော်တို့ စုံစုံလင်လင်တင်ပြပါတယ်။”

တတိယအကြိမ်မြောက် ကျင်းပသည့် ယခုုညီလာခံထိ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး တိုးတက်လာခြင်း မရှိသေးကြောင်းတင်ပြခဲ့သည်ဟု  ဦးအောင်မျိုးမင်းက ပြောသည်။

“တိုးတက်တာ မရှိဘူး ပိုမိုပြီးဆိုးရွားလာတယ်။ မြန်မာပြည်က ဒီနှစ်တွင်းမှာ လူ့အခွင့်အရေး ကာ ကွယ်စောင့်ရှောက်သူကို ပိုမိုအပြစ်ပေး အရေးယူတာ ရှိလာတယ်။ အပြစ်မပေးသင့်တဲဲ့့ သူကို အပြစ် ပေးပြီး  မတရား ထောာင်ချတာတွေ  ပိုမိုဆိုးရွားလာတယ်။ ဒါကြောင့် ကျနော်တို့ မြန်မာနိုင်ငံကို ပိုမိုပြီး အရေးယူ ဆောင်ရွက်ဖို့လိုအပ်တယ်လို့   ထုတ်ဖော်ပြောကြားသလို တက်ရောက်လာသူတွေ ကလဲ  တကယ့်ကိုု လေးလေးနက်နက်  ထောက်ခံံကြပါတယ်။ မြန်မာနိုင်ငံ အခြေအနေက အာရှဒေသ ထဲမှာ အဆိုးဆုံး ၊ ကမ္ဘာပေါ်မှာ အဆိုးဆုံးလို့ အားလုံးက တညီတညွတ် တည်းလက်ခံ သဘောပေါက် ပါတယ်။”

ယခု ကျင်းပခဲ့သည့် ညီလာခံ အတွင်းတွင် အာရှဒေသတွင်းရှိ နိုင်ငံများနှင့် အာစီယံ ဒေသတွင်းရှိ လူထုအခြေပြု အဖွဲ့အစည်းများအား သက်ဆိုင်ရာ အစိုးရများကို မြန်မာစစ်အစိုးရအား ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကာ ကွယ်စောင့်ရှောက်မှုများကို လေးစားလိုက်နာအောင်် တိုက်တွန်းပေးရန် လှုံ့ဆော်နိုင်ခဲ့သည် ဟုလည်း ဦးအောင်မျိုးမင်း ကပြောသည်။

Most read this week