သာစိန်ဖြူ ရှစ်ဆက်မြှောက် ဖလံထောင် ဗိုလ်မင်း အဖြစ်ဆက်ခံ

သာစိန်ဖြူ ရှစ်ဆက်မြှောက် ဖလံထောင် ဗိုလ်မင်း အဖြစ်ဆက်ခံ
အသက် ၃၀ အရွယ်ရှိ ဦးသာစိန်ဖြူမှာ ဘင်္ဂလာဒေချ့် နိုင်ငံ စစ်တကောင်းတောင်တန်းနယ် ခါကာဆိုရီခရိုင် (ဖလံထောင်) တွင် ရှစ်ဆက်မြှောက် ဗို်လ်မင်း ဖြစ်လာသည်။ သူ့ဖခင် ပန်းလှဖြူမှာ လွန်ခဲ့သော လအနည်းငယ်က ကားတိုက် သေဆုံးသွားပြီးနောက် ...

အသက် ၃၀ အရွယ်ရှိ ဦးသာစိန်ဖြူမှာ ဘင်္ဂလာဒေချ့် နိုင်ငံ စစ်တကောင်းတောင်တန်းနယ် ခါကာဆိုရီခရိုင် (ဖလံထောင်) တွင် ရှစ်ဆက်မြှောက် ဗို်လ်မင်း ဖြစ်လာသည်။

သူ့ဖခင် ပန်းလှဖြူမှာ လွန်ခဲ့သော လအနည်းငယ်က ကားတိုက် သေဆုံးသွားပြီးနောက် သားဖြစ်သူ သာစိန်ဖြူက ၈ ဆက်မြှောက် ဖလံထောင် ဗို်လ်မင်း အဖြစ် ဆက်ခံ ခြင်း ဖြစ်သည််။

သူ၏ ဗိုလ်မင်း အဖြစ် ဆက်ခံသည့်ပွဲကို ဇန္နဝါရီလ ၁၇ ရက်နေ့က ခါကာဆိုရီ ခရိုင်မြို့တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး စစ်တကောင်းတိုင်း ကော်မရှင်နာ မင်းကြီး ဟူစိန်ဂျမေးလ်က ရိုးရာ အစဉ်အလာအရ ဆက်ခံသော ဗိုလ်မင်း ဓါးကို ဦးသာစိန်ဖြူထံသို့ လွဲပြောင်း ပေးအပ်ခဲ့သည်။

ဗိုလ်မင်းသာစိန်ဖြူ အနေဖြင့် ဒေသန္တရ အုပ်ချုပ်ရေးအရ ဖလံထောင် အတွင်းကျေးရွာ မြို့နယ် ၃၄ ခုမှ ကျေးရွာပေါင်း ၁၂၀၀ ကို အပိုင်စားရမည် ဖြစ်သည်။

အဆိုပါ ဒေသအတွင်း နေထိုင်သော သက်၊ မာရာမာ( မာရာမာကြီးမဟုတ်ပါ)၊ ရခိုင်၊ ထရိပူနှင့် အဆိုပါ ဒေသအတွင်း အခြေစိုက်နေထိုင်သူ ဘင်္ဂလီ အမျိုးသားများကို ရှေ့ရိုး ထုံးတန်းစီလာများနှင့် အညီ အုပ်ချုပ်ခွင့်ရမည် ဖြစ်သည်။

ဘင်္ဂလာဒေချ့် နိုင်ငံ စစ်တကောင်း တောင်တန်းနယ်တွင် ရခိုင်ဘုရင်များ လက်ထက်က အိမ်ခြေပေါင်း တထောင်စီဖြင့် ဖလံထောင်၊ သက်ထောင်နှင့် ဗိုလ်မင်းထောင်ဟု ထောင်သုံးထောင် တည်ဆောက်ပေးခဲ့ပြီး ဗိုလ်မင်း တဦးစီကို အဆိုပါ ထောင်တထောင်ကို အပိုင်စား ပေးပြီး အုပ်ချုပ်ခွင့်ပြုခဲ့သည်။

အဆိုပါ အုပ်ချုပ်ရေး ယန္တရားအား အဆိုပါဒေသ အင်္ဂလိပ်လက်အောက်သို့ ရောက်ရှိစဉ်တွင်၎င်း၊ ပါကိစ္စတန်လက်အောက် ရောက်ရှိသည့် အချိန်တွင်၎င်း၊ လက်ရှိ ဘင်္ဂလာဒေချ့် နိုင်ငံ ဖြစ်လာသောအခါတွင် ၎င်း မဖျက်ဆီးပစ်ဘဲ ထားရှိခဲ့သဖြင့် ယခုအချိန်ထိ အဆိုပါ ဒေသတွင် ရှေ့ကကဲ့သို့ ဗိုလ်မင်း အုပ်ချုပ်ရေး ပုံစံ တည်ရှိနေခြင်း ဖြစ်သည်။

အဆိုပါ ဗိုလ်မင်းများမှာ လက်အောက်ခံ နယ်စားပယ်စားများ အဆင့်သာ ဖြစ်သဖြင့် ဘိသိုက်ခံခြင်းနှင့် သရဖူဆောင်းခြင်းများကို ပြုလုပ်ခွင့်မရှိကြောင်း သိရသည်။

လက်ရှိ ဗိုလ်မင်းများမှာ ရခိုင်လူမျိုးနှင့် ဘာသာ စာပေ ရိုးရာ ယဉ်ကျေးမူ အစဉ်အလာ ဓလေ့ထုံးစံများ တူညီကြသော်လည်း သူတို့ကို သူတို့ ရခိုင်အဖြစ် မခံယူကြဘဲ မာရမာ လူမျိုး အဖြစ်ခံယူကြသည်။

အဆိုပါ မာရမာများမှာ မြန်မာမှ ဆင်းသက်လာသူများဟု ခံယူကြပြီး ဘုရင့်နောင်၏ ဆွေတော်မျိုးတော်များ ဖြစ်သည်ဟု မာရမာ မှတ်တမ်းမှတ်ရာများတွင် ဖေါ်ပြသည်။

သို့သော်လည်း နိုင်ငံတကာ သမိုင်းပညာရှင်များနှင့် ရခိုင်သမိုင်းပညာရှင်များကမူ အဆိုပါ မာရမာများမှာ မြန်မာက ဆင်းသက်လာသည်ကို သက်သေ အထောက်အထား တစုံတရာ မတွေ့သဖြင့် လက်မခံကြကြောင်း သိရှိရသည်။

Most read this week