အစိုးရ၏ ပန်ဝါ စစ်ဆင် ရေးအား KIA တန်ပြန် တိုက်ခိုက်

အစိုးရ၏ ပန်ဝါ စစ်ဆင် ရေးအား KIA တန်ပြန် တိုက်ခိုက်
by -
ရွှေဟင်္သာ

အစိုးရ၏ ပန်ဝါ ဒေသ ဗျူဟာမြောက် စစ်ဆင် ရေးများကို ကချင်ပြည်လွတ်လပ်ရေး တပ်မတော် (KIA) က တန်ပြန် တိုက်ခိုက် နေပြီ ဖြစ်ကြောင်း ပြောခွင့်ရသူ ဦးလနန်က ဆိုသည်။

Panwa

“ပထမတော့ ဗျူဟာမှုုး အဆင့်နဲ့ ကျနော် တပ်ဖွဲ့ကို တိုက်ခိုက်တယ်။ သူတို့ဘက်က ကျဆုံးမှုတွေ များလာတော့ တပ်မမှူး ကိုယ်တိုင်က ပန်ဝါကို လာပြီး ဦးစီး ကွပ်ကဲ ရတဲ့ အထိ ဖြစ်လာတယ်။ ဒါလဲ သူတို့ ဘက်က အကျအဆုံး များနေပြန်တော့ အရင် က တပ်မ (၈၈)မှာ တပ်မမှူး လုပ်ခဲ့ ဖူးတဲ့ အခု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် ကိုယ်တိုင် ရှေ့တန်း လာပြီး စစ်ဆင် ရေးကို ကြီးကြပ် ရတဲ့ အခြေ အနေကို ရောက်လာ တယ်လို့ သိရပါတယ်။” ဟု ဆိုသည်။

ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ် အချိန်ကလည်း  အစိုးရတပ်ဖွဲ့ဘက်က ရှရှားလုပ် MI-24 ရဟတ်ယာဉ် (၂) စင်းနှင့် ဝေဟင် မှမြေပြင်ပစ်ဒုံးများဖြင့် KIA တပ်စခန်းများရှိရာကို မကြာမကြာ လိုက်လံ တိုက်ခိုက် ခဲ့သည်ဟု ဆိုပါသည်။

အစိုးရ တပ်များက ဒီဇင်ဘာ လဆန်းက စပြီး KIA ပန်ဝါ စခန်းကို စတင် ထိုးစစ်ဆင် တိုက်ခိုက် ခဲ့သော်လည်း အစိုးရဖက်မှ အကျအဆုံးများနေကြောင်း သိရပြီး လတ်တလော တိုက်ပွဲ များတွင် အစိုးရ ဖက်မှ (၆၀) ခန့် ကျဆုံးပြီး အများအပြား ဒဏ်ရာ ရဖွယ် ရှိသဖြင့် ရဟတ်ယာဉ် များကို အသုံးပြုလာခြင်းဖြစ်နိုင်ကြောင်း ဦးလနန်က ဆိုသည်။

“ပန်ဝါ ဒေသမှာ တိုက်ပွဲ ကတော့ နေ့တိုင်း ဖြစ်တယ်။ တစ်နေကုန် ဖြစ်နေ တတ်တယ်။ ဒီနေ့ မနက် မှာလည်း တိုက်ပွဲကြားက M1-24 ရဟတ် ယာဉ် (၂) စင်းနဲ့ ကျနော်တို့ စခန်းကို လာပစ်တယ်။ ကျနော်တို့ ဘက်ကလဲ သူတို့ တပ်စခန်း တွေကို စတင် ပြန်တိုက် လာတော့ တိုက်ပွဲ တွေက ပိုပြီး ပြင်းထန် လာတယ်လို့ ပြောရ မှာပါ” ဟု ဦးလနန်က ဆိုသည်။

အစိုးရ၏ ပန်ဝါစစ်ဆင်ရေးသည် KIA ကို အပိုင်းလိုက် ချေမှုန်းရန် အစိတ်အပိုင်း တရပ် ဖြစ်သော်လည်း အစိုးရတပ်များ စစ်ရေးစွမ်းရည် ကျဆင်းလာသဖြင့် တိုင်းမှူးကိုယ်တိုင် ရှေ့တန်းသို့ လာရောက်ကွပ်ကဲရကြောင်း စစ်ရေး လေ့လာသူများက သုံးသပ်ပြောဆိုသည်။
ဆိုသည်။ သို့သော် အစိုးရ တပ်များတွင် စစ်ရေး စွမ်းရည် ကျဆင်းပြီး တိုက်ခိုက် မှုများ လျှော့ရဲ လာသဖြင့် တိုင်းမှူးအဆင့် အထိ ရှေ့တန်းကို ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။

Most read this week