ဥပဒေနဲ့ နားလည်မှုနှစ်ခု အကြားကနေ အဖြေရှာရတော့မည့် ရှားတောမြေယာ ရှုပ်ထွေးမှု

ဥပဒေနဲ့ နားလည်မှုနှစ်ခု အကြားကနေ အဖြေရှာရတော့မည့် ရှားတောမြေယာ ရှုပ်ထွေးမှု
by -
ကန္တာရဝတီတိုင်း(မ်)

ပြည်သူလူထုမှ သီးနှံ၊ စပါးစိုက်ပျိုး လုပ်ကိုင်လျက်ရှိတဲ့ လယ်ယာမြေတွေကို ဥပဒေသစ်အရ တရားဝင် ပိုင်ဆိုင်ခွင့် ဖြစ်လာဖို့အတွက် လက်ရှိရှားတောမြို့နယ်ရဲ့ မြောက်ပိုင်းကျေးရွာအုပ်စု ဒေသဘက်မှမြေယာ တိုင်းတာတဲ့ကိစ္စနဲ့ ပတ်သက်လို့ ခက်ခဲရှုပ် ထွေးမှု ပြသာနာ တွေနဲ့ ကြံုတွေ့ နေရပါတယ်။

ပြီးခဲ့တဲ့ လအတွင်းမှာ မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းတွေကနေပြီး လယ်ယာမြေတိုင်းတာဖို့အတွက် ရှား တောမြို့နယ်ထဲက တောင်ပိုင်း ကျေးရွာအုပ်စု၊ အလယ်ပိုင်းကျေးရွာအုပ်စုနဲ့ မြောက်ပိုင်းကျေးရွာအုပ်စု တွေဘက်မှာ ဒေသခံတချို့နဲ့ သွားရောက်တွေ့ဆုံ ခဲ့ကြတယ်။

ဒီလိုမြေသွားတိုင်းတဲ့အချိန်မှာ တောင်ပိုင်းကျေးရွာအုပ်စုနဲ့ အလယ်ပိုင်းကျေးရွာအုပ်စုဘက်ကို မြေယာသွား တိုင်းတာတဲ့အခြေအနေမှာ ဘာမှမသိရသေးပေမဲ့လို့ မြောက်ပိုင်းကျေးရွာအုပ်စုမှာ နေကြတဲ့ ဒေသခံတွေ တချို့ကတော့ မြေတိုင်းတာခွင့်မပေးဘူးလို့ မြေစာရင်းဌာနမှ ဝန်ထမ်းတဦးက ပြောပါတယ်။

ဝန်ထမ်းတွေနဲ့ ဒေသခံတချို့မှာ နားလည်မှု လွှဲနေကြပြီး အချင်းချင်း စိတ်မတင်မကျမှုနဲ့ ပဋိပက္ခဖြစ်ပြီး ပြန်လာခဲ့ကြ ရပါတယ်။ ယခုလို ဖြစ်ရတာဟာ ဒေသခံတွေက မိရိုးဖလာ အစဉ်အဆက်က တစ်သက်လုံး လုပ်ကိုင် စားသောက်နေ ထိုင်လာကြပြီး ယခုချိန်မှ လာရောက်ရခြင်းမှာ အစိုးရတွေကနေ မြေယာ သိမ်းဆည်း မှုတွေပြု လုပ်ဖို့ ထင်ကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

မြေစာရင်း ဦးစီးဌာနမှ ဝန်ထမ်းတဦးက “တောင်ပိုင်း ဂွင်ကတော့ ရတယ်။ မြောက်ပိုင်းဂွင်က အမှန်တော့ ရွာသားတွေကို သဘောပေါက် အောင်လည်း မရှင်းပြနိုင်တော့ နားလည်မှု ကွဲလွှဲသွားတော့ ဒီလိုတိုင်းတာတယ် ဆိုတာက အစိုးရသိမ်း မလားဆိုပြီး ထင်မြင်ကြတယ်။ စိုးရိမ်မှုတွေ ရှိနေကြလို့ အတိုင်းမခံဘူး” လို့ ပြောပါ တယ်။

လယ်ယာမြေ ဥပဒေအသစ်ကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၁ ဖြင့် ယခုနှစ်အစောပိုင်း မတ်လ ၃၀ ရက်မှာ ပြဌာန်းထားပြီးဖြစ်ပါတယ်။ ဥပဒေပုဒ်မ ၉(ခ) အရ လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်း ဖြစ်စေ လုပ်ပိုင်ခွင့်တွေ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်၊ ပေးကမ်းခွင့် စတဲ့ အခွင့်အရေးတွေကို တောင်သူတွေ ပေးအပ်ထားပါတယ်။

ဒီလို ဥပဒေအသစ်တွေ ပြောင်းလဲလိုက်ပြီဖြစ်လို့ ယခင်အစိုးရဟောင်း လက်ထဲမှာတုန်းကလို လက်ရှိလုပ်ကိုင် စိုက်ပျိုးနေတဲ့ တောင်သူတွေက ၎င်းတို့ရဲ့ လယ်ယာမြေဟာ နိုင်ငံတော်ပိုင် မဟုတ်တော့ပဲ ပြည်သူပိုင်ဖြစ် ရေးအနေနဲ့ ယခုလို တိတိကျကျ ဖော်ပြပေးဖို့အတွက် သွားရောက်တိုင်းတာရတာ ဖြစ်ပါတယ်။

၎င်းမြေစာရင်းဌာနမှ ဝန်ထမ်းက “အရင်တုန်းကတော့ ဒီလယ်တွေက နိုင်ငံပိုင်ဥပဒေသတ်မှတ်ခဲ့တာ လေး အခုက ခေတ်ကလည်း ပြည်သူပိုင်လယ်ယာမြေ ပြည်သူပိုင်ဖြစ်ရေးအနေနဲ့ ကျနော်တို့ကတိတိကျကျလို ချင်တယ်။ အဲဒါကိုသွားတိုင်းတာရတာဖြစ်တယ်။ ဥပဒေအတိုင်း စည်းကြပ်ဖို့ဖြစ်တယ်” လို့ ဆက်ပြောပါတယ်။

ဒါတွေက ပြည်တွင်းစစ်ကြောင့် ပြေးလွှား ၊ ရွှေ့ပြောင်းနေရတဲ့ အခြေအနေနဲ့ ကြံုတွေ့ခဲ့ကြလို့ ရှားတောမြို့ နယ်လို နယ်မြေတွေကို မြေယာဥပဒေနဲ့အညီ ယခင်က ကွင်းဆင်းပြီး တိတိကျကျတိုင်းတာခြင်းတွေ မပြုလုပ် နိုင်ခဲ့ဘူးလို့ ပြောပါတယ်။ ဘိုးဘွားစဉ်ဆက်လုပ်ကိုင်နေတဲ့ ဒေသခံတွေရဲ့ ဓလေ့အတိုင်းသွားကြတာဖြစ် ပါတယ်။

ဒေသခံတွေထဲမှာက ပြည်တွင်းစစ်အတောအတွင်းမှာ တချို့နယ်စပ်ဒုက္ခသည်စခန်းတွေဘက်ကို ရောက်သွား ကြပါတယ်။ တချို့က အဲဒီကနေ တခြားတိုင်းတပါးနိုင်ငံသား အဖြစ်ခံယူပြီး အမေရိကန်၊ သြစတေးလျစတဲ့နိုင်ငံ တွေမှာ သွားရောက်နေထိုင် လိုက်ကြပြီဖြစ်ပါတယ်။

ကျန်နေသေးတဲ့ ဒေသခံတချို့မှာက အဝေးရောက်သွားတဲ့ သူတွေရဲ့လယ်တွေ၊ ယာတွေကိုဆက်ပြီး လုပ်ကိုင်နေကြတာကို တွေ့ရပါတယ်။ လက်ရှိအဝေးရောက်သွားသူတွေရဲ့လယ်ကို လုပ်ကိုင်နေကြတဲ့သူ တွေက မိမိတို့ ပိုင်ဆိုင်တဲ့လယ်ယာမြေ မဟုတ်တဲ့အတွက် ယခုလို ဦးပိုင်ပေါက်အောင် မြေတိုင်းပေးမယ်ဆိုရင် လက်မခံဖြစ်ခဲ့ကြတာပါလို့ သီရိဒါးရွာမှ ဒေသခံတဦးက ပြောပါတယ်။

ဒီလို သူတို့အနေနဲ့ တိုင်းတပါးခြားနဲ့ နယ်စပ်ဒုက္ခသည်တွေဘက်မှာ ရောက်သွားတဲ့သူတချို့ရဲ့ လယ်ယာ တွေကို စိုက်ပျိုးလုပ်ကိုင် နေတာကလည်း အခမဲ့လုပ်ကိုင်နေရတာ မဟုတ်ပါဘူး။ ပိုင်ရှင်ကို သီးစားခပြန်ပေး ရတယ်လို့ သိရပါတယ်။

ရှားတောမြို့နယ် မြောက်ပိုင်း ကျေးရွာအုပ်စုဘက်မှာရှိတဲ့ သီရိဒါးရွာက ဒေသခံတဦးက “တနေရာနဲ့ တနေရာ တော့မသိဘူး တချို့က ဆယ်နှစ်နေမှ လယ်ခ ပြန်တောင်းတယ်။ တချို့ ၃နှစ် ကိုတခါ လယ်ခ ပြန်တောင်း တယ်။ကျနော်တို့ နှစ်နှစ်သုံးနှစ် လုပ်ရသေးတယ် ပြောင်းဖူးတွေတောင်းစားတယ်။ ပြောင်းဖူးမပေးဘူးဆိုရင် လည်း သူတို့ဟာကိုစိုက်စားနေ တာပဲဆိုပြီးပြောတယ်” လို့ ပြောပါတယ်။

လယ်ယာမြေကို လက်ရှိဒေသခံတွေက လုပ်ကိုင်စိုက်ပျိုးနေကြတာဖြစ်တဲ့အတွက် မြေယာပိုင်ဆိုင်ခွင့် သက်သေ အထောက်အထားတွေ ရှိဖို့တော့ မဖြစ်မနေလိုအပ်တယ်လို့ မြေစာရင်းဌာနမှ ဝန်ထမ်းက ဆက်လက်ရှင်း ပြပါတယ်။

“လောလောဆယ်သူ့နာမည်နဲ့ပဲပေါက်မှဖြစ်မယ်။မမြဲဦးပိုင်အနေနဲ့ပေါ့ သူများငှားထားတဲ့ သဘောပေါ့။ လောလောဆယ်သူက အခွန်ဆောင်တဲ့အတွက် သူ့နာမည်နဲ့ လုပ်ရမှာဖြစ်တယ်။ ဒုက္ခသည်ကနေ ပြန်လာရင်တော့ ပြန်လုပ်မယ်ဆို ပြန်ပေးရမှာပေါ့ အဲဒီသဘောပဲရှိတယ်။ ဒါကနားလည်မှုအနေနဲ့ပေါ့ ဥပဒေမှာတော့မရှိဘူး။ သူ့ထုံးစံကတော့ လုပ်တဲ့သူအပိုင်ရတာပဲ” လို့ ပြောပါတယ်။

လယ်ယာမြေလုပ်ပိုင်ခွင့်ပြုတဲ့ ဥပဒေသစ်မှာ လယ်ယာမြေကိုအသုံးပြုနေတဲ့သူက လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကနေ တစ်ဆင့် မြို့နယ်ဦးစီးဌာနရုံးကို သတ်မှတ်ချက်တွေနဲ့ အညီလျှောက်ထားပြီး မှတ်ပုံတင်ထားရမယ်လို့ ဖော်ပြထားပါတယ်။

လယ်ယာမြေကို အသုံးပြုခွင့်ရထားတဲ့သူက တရားဝင်လက်ရှိ လုပ်ကိုင်နေသူဖြစ်ရပြီး ဥပဒေသစ် ပြဋ္ဌာန်းပြီး နောက်မှာ တရားဝင်အကျိုးခံစားခွင့် ရရှိသူဖြစ်ရမယ်လို့လည်း ဖော်ပြထားပါတယ်။

Most read this week