မြောက်ကိုးရီးယားထံမှ လက်နက်မျိုးစုံအား ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဝယ်ယူ

မြောက်ကိုးရီးယားထံမှ လက်နက်မျိုးစုံအား ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဝယ်ယူ
by -
သျှမ်းသံတော်ဆင့်

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က မြောက်ကိုးရီးယားထံမှ လက်နက်ကြီးများ ကွန်တိန်နာ အလုံး ၄၀ ထက်မနည်း ဝယ်ယူရရှိထားကြောင်း နယ်စပ်သတင်းရပ်ကွက် ကဆိုပါသည်။

မြောက်ကိုးရီးယား၏ ကွန်တင်နာတင်သင်္ဘောကြီး(ဓါတ်ပုံ-အင်တာနက်)

“၂၀၁၁-၂၀၁၂ အတွင်းမှာ ဝ တပ်မတော်က မြောက်ကိုးရီးယားထံကနေ လက်နက်ကြီးငယ်မျိုးစုံ ကွန် တိန်နာပေါင်း၄၂ လုံး ဝယ်ယူရရှိထားတယ်။ လက်နက်ကုန်သည်ကတော့ ထိုင်းနယ်စပ်မှာ နေထိုင်တဲ့ သူဖြစ်တယ်။ အဲဒီလူကထိုင်းနိုင်ငံသားပြောလဲရတယ်။ မြန်မာနိုင်ငံသားပြောလဲရတယ်၊ လာအို(လောဝ်) နိုင်ငံ သားဆိုလဲမမှားဘူး ” ဟုဝ တပ်ဖွဲ့နှင့် နီးစပ်သူတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

ကွန်တိန်နာတစ်လုံး၌ အမြတ်ငွေ ဒေါ်လာ ၁ သန်းခန့်ရရှိရာ ကိုးရီးယားအစိုးရအရာရှိ၊ ဗီယက်နမ်အစိုးရအရာရှိ၊
လာအိုအစိုးရအရာရှိနှင့် အခြားဒေသအတွင်းအဖွဲ့အစည်းအချို့အားလည်း ပေးဆောင်ရကြောင်း၊ ဝ တပ်ဖွဲ့ အတွင်း ရောက်လျှင်အမြတ်ငွေ အနည်းဆုံး ဒေါ်လာ ၃ သိန်းခန့်ကျန်ကြောင်း လက်နက်ကုန်သည်နှင့်နီးစပ် သည့် အဆိုပါ ပုဂ္ဂိုလ်က ဆက်လက်ပြော ပြသည်။

မည်သို့ဆိုစေ မတ်ခ်ျ ၂၈ ရက်နေ့ကလည်း မိုင်းခတ်အခြေစိုက် ဗျူဟာမှူး ဗိုလ်မှူးကြီးသက်နိုင်ဝင်း က လည်းမိုင်းလားနှင့် ဝတပ်ဖွဲ့အား စစ်အင်အားမတိုးချဲ့ဖို့၊ အခြားနိုင်ငံမှ လက်နက်မဝယ်ဖို့၊ ယှဉ်မည်ဆိုပါ က အစိုးရတပ်ကို ယှဉ်နိုင်မည်ဟုတ် တိုက်ခိုက်မည်ဆိုပါက ခေတ်မှီတိုက် လေယာဉ် (ကျိုင်းတုံဒေသခံ တွေ အသံကြားရတဲ့ ချိန်မှာ ပန်ဆန်းမှာဗုံးကျဲနေပြီ။ အဲလောက်တိုက်ခိုက်နိုင်စွမ်းရှိလေယာဉ်) အမျိုးအစားအား အစိုးရကပိုင်ဆိုင်ထားပြီး အသုံးပြုတိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဝ ခေါင်း ဆောင်၊မိုင်းလားခေါင် တို့နှင့် နီးစပ်သူတဦးက သျှမ်းသံတော်ဆင့်သို့ပြောပါသည်။

Most read this week