KIA မှ မန္တလေး-မူဆယ် ကုန်သွယ်ရေး လမ်းမကြီးကို ညပိုင်းပိတ်

KIA မှ မန္တလေး-မူဆယ် ကုန်သွယ်ရေး လမ်းမကြီးကို ညပိုင်းပိတ်
by -
ကချင်သတင်းဌာန

မြန်မာနိုင်ငံရှိ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးလမ်းမ မန္တလေး-မူဆယ် ကားလမ်းမကို ဇွန်(၁)ရက်မှ စပြီး ညပိုင်းတွင် သွားလာခြင်းပိတ်ပင််သည့် ကြိုတင်အသိပေးစာကို KIO မှ ဖြန့်ဝေထားကြောင်းသိရသည်။

mandalay-muse-route
မြန်မာအစိုးရစစ်တပ်သည် အရပ်ဝတ် ၀တ်ဆင်ကာ၊ အရပ်သားများ၏ ကားကိုအသုံးပြု၍၊ ညပိုင်းတွင် စစ်တပ် သွားလာလှုပ်ရှားမှုများ ပိုတိုး လာသဖြင်၊့ လားရှိုးနှင့် မူဆယ် ကြားတွင် ပိတ်ပင်ထားခြင်းဖြစ်သည် ဟု တပ်မဟာ (၄) KIA အရာရှိတစ်ဦးပြောသည်။

ဤ ပိတ်ပင်ခြင်းသည် ညပိုင်တွင်သာဖြစ်ပြီး၊ နေ့ခင်းပိုင်းတွင်မူ ပုံမှန်သွားလာနိုင်ကြောင်း သိရသည်။ ဝေစာများကို လမ်းများတွင်ကပ်ထားခြင်း၊ ဖြန့်ကြဲထားခြင်းဖြင့် ဖြန့်ဝေကြောင်း ၎င်းအရာရှိကပြောသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး KIA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်က ဗပာိုကော်မတီမှ အမိန့်ထုတ်ထားခြင်းမရှိ ကြောင်းနှင့် ရှေ့တန်းမှ လုံခြံုရေးအခြေအနေကြောင့် သတိပေးတားမြစ်ခြင်းဖြစ်နိုင်သည်ဟု ဒီဗီဘီသတင်း ဌာနှ ၂၈ ရက်နေ့ ရေဒီယိုသတင်းတွင်ပြောဆိုသွားခဲ့သည်။

မေ၂၂ ရက်ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် မေလ ၁၉ ရက်နေ့ညက မန္တလေးမှ မူဆယ်သို့ တက်လာသည့် ကုန်တင်ကား ၂ စီးကို ဆတ်ကြေးတောင်း၍ ဗုံးခွဲဖျက်ဆီးမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းဖြစ်ရပ် သည် (KIA) လက်နက်ကိုင်အဖွဲ့ ၏ လက်ချက် ဖြစ်ကြောင်းဖော်ပြထားသည်။

သို့သော် (KIA) တပ်မဟာ (၄) အရာရှိတစ်ဦးက၊ ထိုကားနှစ်စင်းသည် မြန်မာစစ်တပ်၏ လက်နက်များ၊ စစ်ယူနီဖောင်းများကိုတင်ဆောင်ခြင်းမပြုရန် သတိပေးသည် ကိုနားမထောင့််သဖြင့် ဖောက်ခွဲဖျက်ဆီး ခဲ့ကြောင်း KNG သတင်းဌာန ကိုရှင်းပြသည်။

မန်တုန်-နမ္မတူ ကားလမ်းမကြီးကိုလည်း တပ်မဟာ (၄) လက်အောက် တပ်ရင် (၈) နှင့် (၃၄) တို့မှ ပိတ်ပင်ထားသဖြင့် ၄င်းလမ်းမကြီးတွင် ခရီးသွားလာမှုများမရှိတော့ကြောင်း သိရသည်။

Most read this week