မြစ်ကြီးနား ဗုံးပေါက်ကွဲမှုတွင် ရဲ ၂ ဦး ထိခိုက်

မြစ်ကြီးနား ဗုံးပေါက်ကွဲမှုတွင် ရဲ ၂ ဦး ထိခိုက်
by -
ကချင်သတင်းဌာန

မေ ၅ - ယနေ့ နံနက် ၆ နာရီမှ ရ ရီကြား မြစ်ကြီးမြို့ တစ်နေရာတွင် ဗုံး ၂ လုံး တစ်နာရီခြား ပေါက်ကွဲခဲ့ရာ မြန်မာအစိုးရ ရဲ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

မြစ်ကြီးနားမြို့
ပေါက်ကွဲသည့်နေရာသည် တပ်ကုန်းရပ်ကွက်နှင့် ခလရ ၃၇ တပ်ရင်းကို အဓိက ဆက်သွယ်ပေးသော ရွှေလမ်းမပေါ် ထမင်းဆိုင် တဆိုင်အနီးတွင်ဖြစ်သည်ဟု မျက်မြင်များဆိုသည်။

ရဲများ ဗုံးပေါက်ကွဲသည့်နေရာသို့ ရောက်ရှိစစ်ဆေးနေစဉ် ဒုတိယ ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ပြီး ရဲ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခြင်းသည်ဟု မျက်မြင်များဆက်ပြောသည်။

ယခုချိန် ဒဏ်ရာရရှိသော ပြည်သူ့ရဲ ၂ ဦးမှာ မြစ်ကြီးနား ဆေးရုံကြီးတွင် ရောက်ရှိနေပြီး တဦးမှာ ၎င်း၏ ဒဏ်ရာအနည်းငယ် ပြင်းထန်သည်ဟု ဆေးရုံသတင်းက ဆိုသည်။

ဇွန် ၉၊ ၂၀၁၁ က စပြီး ကချင်ပြည်နယ်တွင် မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား တိုက်ပွဲများ ပြန်ဖြစ်လာပြီး ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် မကြာခဏ ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။

ယခုလို ဗုံးပေါက်ခြင်းပေါ် မြန်မာအစိုးရက KIO အား အမြဲတမ်း စွပ်စွဲသော်လည်း KIO က အရပ်သားများကို တိုက်ခိုက်ခြင်း မရှိကြောင်း ငြင်းဆန်ထားသည်။

Most read this week