Published
Sunday, April 29, 2012 - 00:39
အသင်းတော် အစည်းဝေးသို့ မြန်မာအစိုးရတပ်၏ပစ်ခတ်မှုကြောင့် ဓမ္မဆရာတဦး ဒဏ်ရာရ
ဧပြီ ၂၇၊ သောကြာနေ့က ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်အတွင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အောက် ဒေသဆိုင်ရာ အသင်းတော် အစည်းဝေးတခုသို့ မြန်မာစစ်တပ်မှ လက်နက်ငယ် ချိန်ရွယ်ပစ်ခတ်မှုကြောင့် ဓမ္မဆရာတဦး ဒဏ်ရာရရှိခဲ့သည်။
ချီဖွေဇုံနယ် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်၏ အလုပ်အမှုဆောင်ကော်မတီ (E.C) အစည်းဝေးကို ချီဖွေကျေးရွာတွင် ပြုလုပ်နေစဉ် အစိုးရစစ်သားများ သေနတ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အသင်းတော် တာဝန်ခံများဆိုသည်။
ယင်း ပစ်ခတ်မှုကို ည ၁၀ နာရီခွဲခန့် အစည်းဝေး အဆုံးသတ်ဆုတောင်းနေချိန် ပြုလုပ်ခြင်းဖြစ်ပြီး ချန်မောကုန်းမှ တရားဟောဆရာ တဦး၏ ခြေထောက်တဖက်တွင် ကျည်ဆံထိမှန်ကာ အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင့် မျက်မြင်များပြောသည်။