ကန်ပိုင်တီလမ်းမှ တံတား ၁ ခု KIA ဖျက်ဆီး

ကန်ပိုင်တီလမ်းမှ တံတား ၁ ခု KIA ဖျက်ဆီး
by -
ကချင်သတင်းဌာန

မြစ်ကြီးနား-ကန်ပိုင်တီလမ်းမှ တံတား ၁ ခုကို ဧပြီ ၂၆၊ ကြာသပတေးနေ့က KIA မှ ဗုံးဖေါက်ခွဲ ဖျက်ဆီးခဲ့သည်။

မြစ်ကြီးနား-ကမ်ပိုင်တီ တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းမ
ယင်းတံတားသည် အရှည် ပေ ရ၀ ကျော်ရှိပြီး ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား၏ အရှေ့ဘက် မိုင် ၂၀ ကျော်၊ ဆဒုံကျေးရွာ အနီးမှာ တည်ရှိသည်။ တံတား ဖျက်ဆီးသွားပြီးနောက် ကုန်တင်ယာဉ် အသွားအလာများ ရပ်သွားသည်ဟု ဒေသခံများဆိုသည်။

မြစ်ကြီးနား-Tengchong ကို ဆက်သွယ်ပေးသော ဒုတိယကမ္ဘာစစ် ကာလက အမေရိကန်အစိုးရမှ ဖောက်လုပ်ခဲ့သည့် Ledo (သို့မဟုတ်) Stilwell လမ်းမခေါ် ကန်ပိုင်တီလမ်းကို ၂၀၀၆ ခုနှစ်က တရုတ်အစိုးရမှ ပြန်လည်ပြုပြင်ခဲ့သည်။

ပြီးခဲ့သည့်နှစ် ဇွန်လမှ မြန်မာအစိုးရနှင့် KIO ကြား စစ် စတင်ဖြစ်လာပြီးနောက် ကမ်ပိုင်တီလမ်းမသည် တခုတည်းသော ကချင်ပြည်နယ်၏ နယ်စပ်ကုန်သွယ်ရေးလမ်းမဖြစ်လာသည်။

Most read this week