ကချင်လွတ်မြောက်ရေးအတွက် Jaw Bum တွင် အသင်းတော်များ အတူတကွ ဆုတောင်း

ကချင်လွတ်မြောက်ရေးအတွက် Jaw Bum တွင် အသင်းတော်များ အတူတကွ ဆုတောင်း
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားရှိ အဓိက ခရစ်ယာန်အသင်းတော်များ စုပေါင်းပြီး “ကချင်အမျိုးသားများ ကိုယ်ပိုင်ပြဌါန်းခွင့် ရရှိရန်” ၃ ရက်ကြာ Jaw Bum တွင် အထူးအစာရှောင် ဆုဆောင်းပွဲ ပြုလုပ်ခဲ့သည်။

kachin-prayer-jawmbum2
မြစ်ကြီးနားခရစ်ယာန်ကောင်စီ (Myitkyina Christian Council, MCC) ၏ ဦးဆောင်မှုအောက် ဆုတောင်းပွဲ အစီစဉ်အား ဧပြီ ၂၃ မှ ၂၅ ထိ (တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့ထိ) ဂိုဏ်းပေါင်းစုံ အသင်းတော်များမှ ယုံကြည်သူများက မြစ်ကြီးနားမြို့မှ မြောက်ဘက် ၁၀ မိုင် အကွာရှိ ဂျော်ဘွမ် (Jaw Bum) တောင်တွင် စခန်းချပြုလုပ်ခဲ့သည်။

လာရောက်ဆုတောင်းသူများက “၀ိညဉ်တော်ဘုရား ကချင်လူမျိုးများအပါ်အလုပ်လုပ်တော်မှုပါ။ ကချင်လူမျိုးတစ်ရပ်လုံး၏ အပြစ်များကိုခွင့်လွတ်တော်မှုပါ။” စသည့်အချက်များပါ၀င်သည့် ဆုဆောင်းချက် ၃၀ ကို တဦးချင်းသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း ဆုတောင်းခဲ့ကြသည်။

အထူးဆုတောင်းအစီစဉ်တွင် “ထာဝရဘုရားသခင်ပေးသော နိုင်ငံတော်အချုပ်အခြာအာဏာကို ကချင်အမျိုးသားများရရှိရန်နှင့် ညီအစ်ကို ကချင်နှင့် ချင်းတိုင်းရင်းသားများ မှောင်မိုက်၊ ကျိန်ခြင်းတန်းခိုးအောက်မှ လွတ်မြောက်ရန်” ကိုလည်း ဆုတောင်းခဲ့ကြသည်။
kachin-prayer-jawmbum3
၃ ရက်ကြာ Jaw Bum အစာရှောင်ဆုတောင်းပွဲကို ချင်း သာသနာပိုင်နယ် ဆရာကြီးဗင်ထန် က ဦးဆောင်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၁ ဇွန်လ ၉ ရက်၊ မြန်မာအစိုးရက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကို စတင်တိုက်ခိုက်ပြီး နောက် “ကချင်ပြည်နယ် ကိုယ်ပိုင်ပြဌါန်းခွင့်နှင့် စစ်သူရဲကောင်း အများအပြားပေါ်ထွက်လာရန်” ကချင်ပြည်နယ်နှင့် မြန်မာပြည်တဝန်းရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention, KBC) အသင်းတော်များတွင် အထူး အစာရှောင်ဆုတောင်းခြင်းများ ပြုလုပ်လာသည်။

Most read this week