လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်နေတဲ့ အကျဉ်းသားတွေကို တတိုင်းတပြည်လုံး အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပြီးမှသာ လွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်မယ်လို့ ရထားပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ-KNPPနဲ့ အစိုးရတို့အကြား အပစ်အခတ် ရပ်စဲရေးအတွက် မတ်လ ရ ရက်နေ့က လွိုင်ကော်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ချိန် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းမှပြောဆိုလိုက် တာဖြစ်ပါတယ်။
"ဒီအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး တဖွဲ့ထဲက တောင်းဆိုနေတာ မဟုတ်ပါဘူး။ အဖွဲ့တိုင်းကအပစ်ခတ်ရပ်စဲ ရေး ရပ်နိုင်ပြီဆိုတဲ့အခါမှ တပြည်လုံး လွတ်ငြိမ်းချမ်းသာခွင့် တကြိမ်ထဲ ထုတ်ပြန်ပြီ လွတ်ဖို့ရှိတယ်လို့ သူ(ဦးအောင်မင်း) ပြောတာရှိတယ်။ မတရားအသင်းလို့ ကြော်ငြာထားတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ အလိုအလျောက်ပါမယ် ဒီနိုင်ငံရေးအကျဉ်းသားတွေလည်း ပါမယ်။ ပြီတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ ဆက်စပ်ပြီး ထောင်ကျနေတဲ့သူတွေလဲပါမယ်” လို့ KNPP ကေအဲန်ပီပီ ငြိမ်းချမ်းရေး အဖွဲ့ဝင် ခူးဒယ်နီယာက ပြန်လည်ပြောပြပါတယ်။
KNPP နဲ့ အစိုးရတို့ဟာ အပစ်ခတ်ရပ်စဲရေးအတွက် ပြည်နယ်အဆင့် ပဏာမသဘောတူ လက်မှတ်ရေး ထိုးလိုက်ကြပြီး ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးတဲ့အခါကြမှ KNPPမှတင်ပြထားတဲ့ ကရင်နီနိုင်ငံရေး အကျဉ်းသားများလွတ်ပေးရန်အပါအဝင် တင်ပြချက် အချက်၂၀ ရဲ့ အခြေအနေကို အသေအချာသိရှိရမှာ ဖြစ်ပါတယ်။
KNPP ဘက်မှ ပြုစုထားတဲ့စရင်းဇယားအရ ကရင်နီနိုင်ငံရေးအကျဉ်းသား ရ ဦးရှိတယ်လို့ သိရပါတယ်။
"အပစ်အခတ်ရပ်စဲရေး အားလုံးရပ်နိုင်ပြီ။ အဖွဲ့ တိုင်း ရပ်နိုင်ပြီ ဆိုတဲ့အခါမှပဲ တပြည်လုံး လွတ်ငြိမ်းချမ်းသာခွင့် တကြိမ်ထဲ ထုတ်ပြန်ပြီး လွတ်ဖို့ရှိတယ်လို့ သူအဲလို့ ပြောတာရှိတယ် ဆက်လက်ပြီး ဒီလွတ်ငြိမ်းချမ်းသာခွင့် ဆိုတဲ့နေရာမှာ ဥပမာ မတရားအသင်းလို့ ကြေငြာထားတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ အလိုအလျောက် ပါမယ် ဒီနိုင်ငံရေးအကျဉ်းသားတွေလဲပါမယ် ပြီးတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆက်စပ်ပြီး ထောင်ကျနေတဲ့သူတွေလဲ ပါမယ်” လို့ ခူးဒယ်နီယာကပြောပါတယ်။
သမ္မတဦးသိန်းစိန် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားအများပြားရှိခဲ့ပေမဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ဆက်နွယ်ပြီး အကျဉ်းကျခံနေရတဲ့သူတွေအများအပြား ကျန်ရှိနေသေးတယ်လို့ မကြာသေးခင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်မြောက်လာတဲ့ ကရင်နီနိုင်ငံရေး အကျဉ်းသားတဦးဖြစ်တဲ့ ခွန်းဘီးဒူကပြောပါတယ်။
၂၀၀၈ ခုနှစ်၊ မေလ ၁၀ ရက်နေ့က အခြေခံဥပဒေမူကြမ်းကို ကန့်ကွက်မဲလှုပ်ရှားမှုကြောင့် အကျဉ်းကျခံနေရတဲ့ ကယန်းမျိုးဆက်သစ်လူငယ်ခေါင်းဆောင်မှာ အကျဉ်းထောင်မှ လွတ်မြောက်လာပြီဖြစ်သော်လည်း အဖွဲ့ဝင်တဦးမှာတော့ ယခုအချိန်ထိ လွတ်မြောက်ခြင်းမရှိသေးဘူးလို့ လူငယ်ခေါင်းဆောင်တဦးဖြစ်တဲ့ ခွန်းဘီးဒူက ပြောပါတယ်။
"ကျနော် ဦးဆောင် လုပ်ရှားတဲ့ အချိန်မျိုးမှာ အဓိက ကျနော် ဖမ်းပြီတော့ ဒီးဒီနဲ့ ကေကော်ရိုက အမူတွဲပါ လာတာပေါ့နော် ကျနော်ဆီက ကွန်ပြုတာနဲ့ အချက်လက်တွေကို တွေ့ပြီတော့ သူတို့ နစ်ယောက်ကို ထောင်ချလိုက်တာပဲပေါ့နော်။ ဒီးဒီက ကျနော်နဲ့အတူ လွတ်လာပြီတော့ ကော်ရို ဘာကြောင်းကျန်နေခဲ့လဲ ဆိုတာကိုတော့ အတိအကျ ကျနော် မသိပါဘူး အစိုးရဘက်ကလည်း ဘာမှ ရှင်းလင်းချက်ကိုလည်း မပေးဘူးလို့"