ထားဝယ်ဒေသတွင် ထိုင်းလူမျိုးများပိုမို အခြေချလာမည့်အရေး ဒေသခံများစိုးရိမ်

ထားဝယ်ဒေသတွင် ထိုင်းလူမျိုးများပိုမို အခြေချလာမည့်အရေး ဒေသခံများစိုးရိမ်
by -
သဇင်နီ

တနင်္သာရီတိုင်း၊ ထားဝယ်ဒေသတွင် ထိုင်းစီးပွားရေး သမားများမှ အိမ်ခြံမြေစျေး အဆမတန် ပေးဝယ် နေသည့်အတွက် အနာဂတ်တွင် ထိုင်းလူမျိုးများ အခြေချနေထိုင်လာမည်ကို ဒေသခံများ စိုးရိမ်နေသည်ဟု ထားဝယ်မြို့ခံ တဦးကပြောသည်။

dawei-seaport

“အရင်တန်ဖိုးမရှိတဲ့ပစ္စည်း အခုစျေးဖြတ်လို့မရနိုင်ဘူး၊ စီမံကိန်းဝန်းကျင်မှာရှိတဲ့ ခြံမြေ အရင်က တစ်သောင်း တန် အခု သိန်းနှစ်ဆယ်လောက်တန်သွားတယ်၊ မရောင်းချင်လို့အဆမတန်ခေါ်ရင်လည်း ၀ယ်သွားကြတယ်။ ဒါပေမယ့် မပျော်ဘူး ရင်ပူနေတယ်၊ ထားဝယ်မြို့ အတွက်လည်း အန္တာရယ်အငွေ့အသက်ကို ရှူနေရ သလို ဘဲခံစားရတယ်။ တချို့ လူတွေဆိုရင် ပိုက်ဆံလွယ်လွယ်ရတယ်လို့ စိတ်ထဲမှာထင်ကြတယ်။ နောင်ရေးကို မစဉ်းစား ကြဘူးလေ”

ထားဝယ်မြို့ ၀ဲကျွန်း (ခေါ်) လက်ဝဲကျွန်းရပ်ကွက်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်းသို့သွားသော လမ်းတစ် လျှောက်ရှိ အိမ်ခြံမြေများကို စီးပွားရေးသမားများနှင့် ထိုင်း (ယိုးဒယား) နိုင်ငံသားများမှဝယ်ယူနေခြင်းဖြစ် သည်။

ထားဝယ်စီမံကိန်းအတွက် ရောက်ရှိနေကြသည့် ထိုင်းလူမျိုးများက မြန်မာကုမ္ပဏီများမှတဆင့် ၀ယ်ယူနေခြင်း ဖြစ်ပြီး စျေးကောင်းရသဖြင့် ဆင်းရဲသော ဒေသခံများက ရောင်းချခဲ့ကြသည်။

ယင်းသို့ ၀ယ်ယူနေသည့်အတွက် အိမ်ခြံမြေ စျေးများ အဆမတန် ထိုးတက်လာပြီး နောင်တချိန်တွင် ဆင်းရဲသား ဒေသခံများ ၀ယ်ယူနိုင်မည် မဟုတ်တော့ကြောင်း ထားဝယ်ဒေသဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ဝင်တစ်ဦးက အခုလို ပြောသည်။

“ဒီက ဒေသခံတွေဆိုရင် ဆင်းရဲသား လက်လုပ်လက်စားတွေ များတယ်။ အိမ်ခြံမြေ မပိုင်ဆိုင်တဲ့ မိသားစုတွေ ရှိတယ်။ ဒီတော့ အခုလိုစျေး တက်နေမယ်ဆိုရင် အဲဒီမိသားစုတွေအတွက် အိမ်ခြံမြေပိုင်ဆိုင်ဖို့ဆိုတာက ပိုခက်သွားလိမ့်မယ်။” 

လောလောဆယ်တွင် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည် ဖော်နေသည့်အတွက် ထားဝယ်ဒေသအတွင်းသို့ ထိုင်းကုမ္ပဏီ ဝန်ထမ်းများနှင့် အလုပ်သမားများ ပိုမို၀င်ရောက် လာကြကြောင်း သိရသည်။

အရှေ့တောင် အာရှတွင် အကြီးဆုံးဖြစ်သည့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို  ထိုင်း- အီတာလျံ ကုမ္ပဏီ နှင့် မြန်မာအစိုးရတို့ အကြား ၂၀၀၈ မေလတွင် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၁ ခုနှစ် ဇန်နဝါရီလ တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။

၎င်းစီပွားရေးဇုန်စီမံကိန်းတွင်ရေနက်ဆိပ်ကမ်း စီမံကိန်းအပြင် ထိုင်း- မြန်မာ ရှစ်လမ်းသွား ကားလမ်း၊ မီးရထား လမ်းဖောက်လုပ်ခြင်းစီမံကိန်း၊ အထူးစီပွားရေးဇုန် နှင့် စက်မှုဇုန်တို့ပါ၀င်သည်။

Most read this week